ဆိဂ္ဂဠယုဂသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ်ရှိပါသည်။
[၁] မဟာသမုဒ္ဒရာ၌ လွှင့်ပစ်ထားသော အပေါက်တစ်ပေါက်သာရှိသော ထမ်းပိုးတုံး၏အပေါက်၌ အနှစ်တစ်ရာ၊ အနှစ်တစ်ရာမှ တစ်ခါပေါ်သော လိပ်ကန်း၏ လည်ပင်းစွပ်မူက စွပ်နိုင်သေး၏။ ပျက်စီး၍ အပါယ်လေးဘုံသို့ ကျရောက်သွားသောလူမိုက်၏ လူ့ဘဝသို့ ပြန်ရောက်နိုင်လိမ့်မည်ဟု ငါဘုရား မိန့်ကြားတော်မမူ။ ထိုအပါယ်ဘုံ၌ ဓမ္မစရိယ, သမစရိယ, ကုသလကိရိယ, ပုညကိရိယမရှိ အချင်းချင်း အားကြီးသူက အားနည်းသူကို သတ်၍စားနေသောကြောင့်တည်း။ ထိုသို့ဖြစ်ခြင်းသည် အရိယသစ္စာလေးပါးတို့ကို မသိမမြင်ခြင်းကြောင့်တည်း။ ထို့ကြောင့် အရိယသစ္စာလေးပါးတို့ကို သိမြင်အောင် အားထုတ်ခြင်းကို ပြုကြရမည်ဟု ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့တော် ကူဋာဂါရသာလာကျောင်းတော်၌ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၂] မြေအပြင်တစ်ခုလုံး ရေတစ်ပြင်တည်း ဖြစ်နေချိန်ဝယ် အရပ်လေးမျက်နှာသို့ လေတိုက်ရာ မျောပါနေသော အပေါက် တစ်ပေါက်တည်းသာရှိသော ထမ်းပိုးတုံး၏ အပေါက်၌ အနှစ်တစ်ရာ တစ်ရာကြာမှ တစ်ကြိမ်သာ ရေပြင်ပေါ်သို့ ပေါ်တက်လာသော လိပ်ကန်း၏ လည်ပင်းသည် အကြောင်းညီညွတ်ပါက စွပ်နိုင်လျှင် စွပ်နိုင်သေး၏။ အကြောင်းညီညွတ်သည့်အခါ၌သာ လူ့ဘဝကိုရ၏။ အကြောင်း ညီညွတ်သည့်အခါ၌သာ အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင် ပွင့်တော်မူ၏။ အကြောင်းညီညွတ်သည့်အခါ၌သာ တထာဂတပဝေဒိတ ဓမ္မဝိနယ လောက၌ ထွန်းလင်းတောက်ပ၏။ ထိုအချက်သုံးချက် ပြည့်စုံနေချိန်၌ အရိယသစ္စာလေးပါး တရားတို့ကို သိမြင်အောင် အားထုတ်မှုကို ပြုကြရမည်ဟု ဘုရားရှင်က ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့အနီး မဟာဝုန်တော ကူဋာဂါရသာလာကျောင်းတော်ဝယ် ရဟန်းတို့အား ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ မဟာသီဝထေရ်၏ စတုယုဂအဆိုကို အကျယ် ဖွင့်ပြထားပါသည်။ ဋီကာ၌လည်း စတုယုဂအဆိုကိုပင် ဖွင့်ပြထားပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads