ဉာဏမုဒြာ

From Wikipedia, the free encyclopedia

ဉာဏမုဒြာ
Remove ads

လက်နှစ်ဖက်စလုံးကို နှလုံးသားတည်ရာ ရင်ပတ်ဆီသို့ မြှောက်ချီကာ လက်ဝါးများကို ရှင်ပတ်ဘက်သို့ လှည့်ထားပြီးလျှင် လက်မနှင့် လက်ခလယ်တို့ကို ထိ၍ထားသော လက်ဟန် အနေ အထား ဖြစ်ပေသည်။

Thumb

အသိဉာဏ်ပညာ ဗောဓိဉာဏ်, သဗ္ဗညုတဉာဏ်, သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်တည်းဟူသော သဘောတရားများကို ညွှန်ကြားဟောပြလိုသော အနက်ကို ဆောင်ပေသည်။

အချို့ပညာရှိများ၏ အလိုအရ ဤမုဒြာသည် ဓမ္မစက္ကပဝတ္တနမုဒြာ တမျိုးပင် ဖြစ်သည်ဟု ဆိုသည်။

ဗာဟုသစ္စမင်္ဂလာ, သိပ္ပမင်္ဂလာ, အတ္တသမာပဏီဓိမင်္ဂလာများကို သဏ္ဌာန်ပုံဟုန် ဆောင်ထားခြင်း ဖြစ်ပေသည်။

အဗ္ဘုတရသနှင့် သန္တရသမျာကို ပေါ်လွင်ထင်ရှားစေသည်။

ပညာပါရမီကို အဓိကအားဖြင့် ရည်ညွှန်းထားပေသည်။ ပဋိစ္စသမုပ္ပါဒ်နှင့် ဗောဇ္ဈင်တရားများကို ပဓာနအားဖြင့် ရည်ညွှန်းထားလေသည်။

ဉာဏမုဒြာ ပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်ပါက အသိဉာဏ်ပညာ ပွင့်လင်းတိုးပွားခြင်း တရားအဆင့်တက်ခြင်း, ပညာရှိဖြစ်ခြင်း အကျိုးများကို ရရှိနိုင်သည်ဟု တန္တရာယာနကျမ်းများ၌ ဖော်ပြထားပေသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads