ညောင်ရွှေယဉ်ကျေးမှုပြတိုက်

From Wikipedia, the free encyclopedia

ညောင်ရွှေယဉ်ကျေးမှုပြတိုက်map
Remove ads

ညောင်ရွှေယဉ်ကျေးမှုပြတိုက် သည် ညောင်ရွှေရှမ်းစော်ဘွား စဝ်ရွှေသိုက် အပါအဝင် ရှမ်းပြည်စော်ဘွားများ၏ အထိမ်းအမှတ်ပြတိုက်တစ်ခု ဖြစ်သည်။[] ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ နန္ဒာဝန်ရပ်ကွက်တွင် တည်ရှိပြီး စဝ်ရွှေသိုက်၏ နန်းတော်ဟောင်း ဖြစ်ကာ ညောင်ရွှေဟော် (ရှမ်း: ႁေႃယွင်ႁူၺ်ႈ) ဟူ၍လည်း သိကြသည်။[]

အချက်တိုများ ညောင်ရွှေယဉ်ကျေးမှုပြတိုက်, ယခင်အမည် ...

ပြတိုက်ကို အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ မနက် ၁၀ နာရီမှာ ညနေ ၃ နာရီခွဲအထိ ဖွင့်လှစ်ထားသည်။ []

Remove ads

သမိုင်းကြောင်း

၁၉၀၈ ခုနှစ်တွင် နန်းတော်ဟောင်းမှာ မီးလောင်ပျက်စီးခဲ့ပြီးနောက် ညောင်ရွှေနယ်ကို အုပ်ချုပ်သူ စောမောင်က ၁၉၁၃ ခုနှစ်တွင် ညောင်ရွှေဟော်ကို တည်ဆောက်ခဲ့သည်။[] မန္တလေးနန်းတော်နှင့် ရိုးရာရှမ်းဟော်နန်းများ၏ ဒီဇိုင်းကို ပေါင်းစပ်ဆောက်လုပ်ထားပြီး ၁၀ နှစ်ကြာတည်ဆောက်ခဲ့ရကာ ကုန်ကျငွေမှာ မြန်မာကျပ်ငွေ ၃၀၀,၀၀၀ ဖြစ်သည်။[] ပင်မအဆောက်အဦးတွင် ဘုံခုနစ်ဆင့်ပါ ပြာသာဒ် ပါရှိသည်။[] အထပ်နှစ်ထပ် ပါဝင်ကာ ပင်မဧည့်ခန်းဆောင်၊ လေသာခန်းမဆောင်နှင့် အတွင်းခန်းမဆောင် တို့ပါဝင်သည်။[] စော်ဘွားမိသားစုဝင်များအတွက် နေထိုင်ရန်သီးခြားခန်းမဆောင်များလည်း ပါဝင်သည်။[][]

၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက အာဏာသိမ်းခဲ့ရာတွင် ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်သူ စဝ်ရွှေသိုက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အစိုးရက ဟော်နန်းအား နိုင်ငံပိုင်သိမ်းခဲ့ကာ ရှမ်းစော်ဘွားများပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့သည်။[][] ၂၀၀၃ ခုနှစ်တွင် ညောင်ရွှေယဉ်ကျေးမှုပြတိုက်အဖြစ် အမည်ပြောင်းလဲခဲ့သည်။[] ၂၀၀၆ ခုနှစ်တွင် ပြတိုက်ရှိ ထိန်းသိမ်းပြသထားသော ပစ္စည်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။[] ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဗုဒ္ဓပြတိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။[] ၂၀၁၄ ခုနှစ်တွင် ပြတိုက်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads