တဇ္ဇနီမုဒြာ

From Wikipedia, the free encyclopedia

တဇ္ဇနီမုဒြာ
Remove ads

လက်ညှိုး ထောင်ထားသော လက်ဟန်ဖြစ်သည်။

Thumb

တဇ္ဇနီဟတ္ထ ဟုလည်း ခေါ်သည်။ သတိပေးဟန်ဟု ခေါ်တွင်သည်။

လက်ျာလက်၏ လက်ညှိုးကို အပေါ်သို့ ထောင်ပြထားသည်။ ဖူးမြှော်လာသူအား သတိပေးနေဟန် ကြိမ်းမောင်း မာန်မဲ နေဟန်မျိုး ဆိုဆုံးမနေပုံမျိုးသဏ္ဌာန်ကို ဆောင်သည်။ တဇ္ဇနီလက်ညှိုး၏ အဓိပ္ပါယ်မှာ သတိပေးခြင်း ကြိမ်းမောင်း ဆဲဆိုခြင်း ဆိုဆုံးမခြင်း ဟူ၍ ဖြစ်သည်။ တခါတရံ တစုံတခုပြုလုပ်ရန် ညွှန်ကြားခြင်း အနက်ကိုလည်း ဆောင်သည်။

ကျန်သော လက်ချောင်းများကို လက်သီးဆုပ်တွင် ကွေး၍ ထည့်ထားသည်။ တခါတရံ လက်မရော လက်ညှိုးပါ ထောင် နေသည်ကို တွေ့ရတတ်သည်။

အာရတီ ဝိရတီ ပါပါမင်္ဂလာ, အပ္ပမာဒေါ စ ဓမ္မေသု မင်္ဂလာများနှင့် ပြည့်စုံအောင် သတိပေး နေဟန် အသွင်သဏ္ဌာန်ကို ဆောင်လေသည်။

ဝိဘစ္ဆရသ, ရုဒ္ဓရသေ့, ကရုဏာရသများကို ပေါ်လွင်စေသည်။

သီလပါရမီ, ပညာပါရမီ, ခန္တီပါရမီနှင့် ဝီရိယပါရမီစခန်းများသို့ ရည်ညွှန်းထားပေသည်။ မရီစိမာရ်နတ်၏ ရုပ်တုများတွင် ဤလက်ဟန်ဖြင့် တွေ့ရတတ်သည်။

ဒိသာပါမောက္ခက တပည့်များကို ဆိုဆုံးမနေဟန် ရုပ်တုပန်းချီများတွင် တဇ္ဇနီမုဒြာကို တွေ့ရှိနိုင်ပေသည်။

ကုသိန္နာရုံ၌ မြတ်စွာဘုရား၏ နောက်ဆုံးဩဝါဒမှာကြားနေဟန်တွင် ဤတဇ္ဇနီမုဒြာဖြင့် တွေ့ရတတ်သည်

မြင်းပုဂံ အပယ်ရတနာဘုရားတွင်း ဆေးရေးပန်းချီများ၌ ရသေ့က မုဆိုးအား သတိပေး ဆုံးမနေဟန် တဇ္ဇနီမုဒြာဖြင့် တွေ့ရပါသည်။

တဇ္ဇနီ မုဒြာပါသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပါက တရားဓမ္မ၌တည်ခြင်း, စည်းကမ်း ရိုသေတတ်ခြင်း, လိမ္မာရေးခြားရှိခြင်း, ရန်သူကို၎င်း, မကေင်းမှုအကုသိုလ်ကို၎င်း ဟန့်တားထားနိုင်ခြင်း အာဏာစက် ထက်မြက်လာခြင်း စသော သိဒ္ဓိများ အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဟူ၍ တန္တရာယာနကျမ်းဂန်များ၌ ဖော်ပြထားပါသည်။

မင်းကောင်း မင်းမြတ်တို့သည် တိုင်းသူပြည်သား ရှင်လူအများတို့အား ထာဝစဉ်အမှတ်တရ လိုက်နာကျင့်သုံးနိုင်ကြစေရန်အတွက် ဤမုဒြာဟန်ဖြင့် ရုပ်ပွားဆင်းတုကို ထုလုပ်ကိုးကွယ်လေ့ရှိကြသည်။

[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads