ရှမ်းနီလူမျိုး

From Wikipedia, the free encyclopedia

ရှမ်းနီလူမျိုး
Remove ads

တိုင်းလျန် သို့မဟုတ် ရှမ်းနီလူမျိုး (ရှမ်းနီ: တႆးလꧥင်, /taj˧˧.lɛːŋ˥˧/; ရှမ်း: တႆးလႅင်; အင်္ဂလိပ်: Tai Laeng) သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သည့် တိုင်လူမျိုးစုတစ်စုဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အသိအမှတ်ပြုတိုင်းရင်းသားများထဲမှ တစ်ခုဖြစ်သည်။ကချင်ပြည်နယ်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသများတွင် ပြန့်နှံ့နေထိုင်လျက်ရှိပြီး ခရာ-ဒိုင်ဘာသာစကားပြောအုပ်စုတွင်ပါဝင်သည်။[][]

အချက်တိုများ တႆးလꧥင်, လူဦးရေ စုစုပေါင်း ...

မြန်မာပြည် အထက်ပိုင်း ကောလင်းဝန်းသိုထီးချိုင့်ပင်လည်ဘူးအင်းတော်ဗန်းမောက်ကသာကလေးတမူးမော်လိုက်ဖောင်းပြင်မိုးညှင်းမိုးကောင်းဗန်းမော်အင်းတော်ကြီးမြစ်ကြီးနားဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်ဟုမ္မလင်းနှင့် သောင်သွပ်ဒေသ၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ၊ ဖားကန့်၊ စသည့်ဒေသများနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ ရှမ်းစကားကို ပြောကြဆဲဖြစ်ပြီး၊ ယခုအခါတွင် စကားပြော တိမ်ကောစပြုလာပြီဖြစ်သည်။

ယဉ်ကျေးမှုအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်အတော်နီးစပ်သည်။ ယခင်ကကိုယ်ပိုင်စာပေရှိခဲ့ကြပြီး အင်းတော်ကြီးသမိုင်းစသည်တို့ကို ရှမ်းနီဘာသာဖြင့်ရေးသားခဲ့ကြသည်။ ယခုအခါတွင်လေ့လာသူမရှိသလောက်နည်းပါးလာသဖြင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သည်။ လူမျိုးအားဖြင့်လည်း ရှမ်းနီဘာသာစကားကိုပြောဆိုခြင်းနည်းပါးလာသဖြင့် လူမျိုးပျောက်လုပြီဖြစ်သည်။[]တောတောင်ရေမြေ အများစုမှာ ရှမ်းနာမည်များ ဖြစ်လေ့ရှိပြီး၊ ကာလရွေ့လျော၍ မြန်မာသံပေါက်နေ သောဒေသများ ဖြစ်သည်။ ထိုဒေသ ရှမ်းတို့၏ ရိုးရာ အစားအစာများမှာ ပေါင်းတင်း၊ ခေါပုပ်၊ ငါးချဉ်၊ ညောင်ချဉ်၊ မုန့်ညင်းပေါင်း၊ မုန်ညင်းလှော်၊ မုန့်ညင်းချဉ်၊ မြစ်ရေစိမ်၊ မြစ်ချဉ်၊ မှိုချဉ် စသည့် ဒေသထွက် အစား အစာများဖြစ်သည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads