တောင်ကွဲစေတီတော်

သီရိမင်္ဂလာ​တောင်ကွဲ​စေတီ From Wikipedia, the free encyclopedia

တောင်ကွဲစေတီတော်
Remove ads

ကယားပြည်နယ်၏ ကျက်သရေဆောင် ကိုးစိတ်ကိုးမွှာ ကွဲနေပြီး ကျောက်ဆောင်တောင်ထွဋ် ကိုးခုရှိသော သီရိမင်္ဂလာတောင်သည် ကယားပြည်နယ်လွိုင်ကော်မြို့၏ တောင်အရပ်တွင် တည်ရှိသည်။ ရှေးယခင်က မင်္ဂလာတောင်တော် ဟုလည်းခေါ်ဆိုခဲ့သည်။ ကယားဘာသာဖြင့် "ဖော်မြဲ"၊ မြန်မာဘာသာဖြင့် "တောင်ကွဲ"၊ ရှမ်းဘာသာဖြင့် "လွိုင်ဖာဖတ်"ဟု တွင်သည်။ တောင်တော်မြတ်သည် အမြင့် ၃၈၇ ပေ ရှိသည်။

Thumb
သီရိမင်္ဂလာ​တောင်ကွဲ​စေတီ

ကိုးစိတ်ကိုးမွှာ ကွဲနေသော ကျောက်ဆောင်တောင်ထွဋ်တိုင်းတွင် စေတီတော် တစ်ဆူစီ တည်ထားသည်။

  • ပြည်လုံးချမ်းသာ စေတီတော်၊
  • ရွှေယပ်တောင် စေတီတော်၊
  • ရွှေရင်အေး စေတီတော်၊
  • ကျောက်သမ္ဗာန် စေတီတော်၊
  • အောင်တော်မူ စေတီတော်၊
  • ဆုတောင်းပြည့် စေတီတော်၊
  • အောက်ကျိုက်ထီးရိုး စေတီတော်မြတ်၊
  • အထက်ကျိုက်ထီးရိုး စေတီတော်မြတ်၊
  • ရွှေပြည်အေး စေတီတော်မြတ် တို့ ဖြစ်သည်။[]

၁၈၉၅ ခုနှစ်တွင် ဉာဏ်တော် ၂၂ တောင်ရှိ ရွှေယပ်တောင်စေတီ၊ ၁၉၁၃ ခုနှစ်တွင် ဉာဏ်တော် ၉ တောင်ရှိ ရွှေရင်အေးစေတီ၊ ၁၉၁၄ ခုနှစ်တွင် ဉာဏ်တော် ကိုးတောင်ရှိ ကျောက်သမ္ဗာန်စေတီကို၊ ၁၉၂၉ ခုနှစ်တွင် ဉာဏ်တော် ၁၆ တောင်ရှိ အောင်တော်မူစေတီနှင့် ဆုတောင်းပြည့်စေတီ၊ ၁၉၃၃ ခုနှစ်တွင် ဉာဏ်တော် ၂၄ တောင်ရှိ ပြည်လုံးချမ်းသာ (ပင်မစေတီတော်)နှင့် ဉာဏ်တော် ကိုးတောင်ရှိ အောက်ကျိုက်ထီးရိုး စေတီ၊ ၁၉၃၄ ခုနှစ်တွင် ဉာဏ်တော် ၁၂ တောင်ရှိ အထက်ကျိုက်ထီးရိုးစေတီ၊ ၁၉၅ဝ ပြည့်နှစ်တွင် ဉာဏ်တော် ၁၄ တောင်ရှိ ရွှေပြည်အေးစေတီတို့ကို တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads