ဒဋ္ဌဗ္ဗသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] ဝေဒနာသုံးပါးတို့တွင် သုခဝေဒနာကို ဒုက္ခဟု ရှုရမည်။ ဒုက္ခဝေဒနာကို သလ္လအားဖြင့် ရှုရမည်။ အဒုက္ခမသုခဝေဒနာကို အနိစ္စအားဖြင့် ရှုရမည်။ ထိုသည့် အတိုင်း ဉာဏ်ဖြင့်သိမြင်သောရဟန်းကို မှန်ကန်စွာ သိမြင်သူ၊ တဏှာကို ဖြတ်တောက်ပြီးသူ၊ သံယောဇဉ်အနှောင်အဖွဲ့ကို ခြေချွတ်နိုင်သူ၊ မာနကို အရဟတ္တမဂ်ဖြင့် ပယ်နိုင်ခြင်းကြောင့် ဒုက္ခ၏ကုန်ဆုံးရာနိဗ္ဗာန်ကို မျက်မှောက်ပြုသူဟု ဆိုအပ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။


[] သဒ္ဓါအစရှိသော ဣန္ဒြေငါးပါးတို့တွင်...

(၁) သောတာပတ္တိမဂ်ကို ရနိုင်သော တရား(အင်္ဂါ)လေးမျိုးတို့၌ သဒ္ဓိန္ဒြေသည် အကြီးအကဲဖြစ်သည်။

(၂) သမ္မပ္ပဓာန်တရားလေးပါးတို့၌ ဝီရိယိန္ဒြေသည် အကြီးအကဲဖြစ်သည်။

(၃) သတိပဋ္ဌာန်တရားလေးပါးတို့၌ သတိန္ဒြေသည် အကြီးအကဲဖြစ်သည်။

(၄) ရူပါဝစရဈာန်လေးပါးတို့၌ သမာဓိန္ဒြေသည် အကြီးအကဲဖြစ်သည်။

(၅) အရိယသစ္စာလေးပါးတို့၌ ပညိန္ဒြေသည် အကြီးအကဲဖြစ်သည်ဟု ဘုရားရှင် ရဟန်းတို့အား ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဣန္ဒြေငါးပါးတို့ကို သူဌေးသားလေးယောက်နှင့် ဘုရင်တို့ နက္ခတ်ပွဲသဘင်အခါ အချင်းချင်းအပြန်အလှန် ဧည့်ဝတ်ပြုပုံဥပမာဖြင့် ထင်ရှားအောင် ဖွင့်ပြထားပါသည်။

ဋီကာ၌လည်း ဖွင့်ဆိုချက်များ ရှိပါသည်။


[] သဒ္ဓါအစရှိသော ဗိုလ်ငါးပါးတို့တွင်...

(၁) သဒ္ဓါဗိုလ်ကို သောတာပတ္တိယင်္ဂတရားလေးပါးတို့၌

(၂) ဝီရိယဗိုလ်ကို သမ္မပ္ပဓာန်တရားလေးပါးတို့၌

(၃) သတိဗိုလ်ကို သတိပဋ္ဌာန်တရားလေးပါးတို့၌

(၄) သမာဓိဗိုလ်ကို ရူပါဝစရဈာန်လေးပါးတို့၌

(၅) ပညာဗိုလ်ကို အရိယသစ္စာတရားလေးပါးတို့၌ အကြီးအကဲအဖြစ်ထား၍ ရှုမှတ်ရ မည်ဟု ဘုရားရှင်က ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ သံယုတ်အဋ္ဌကထာအတိုင်း ဗိုလ်ငါးပါးကို နက္ခတ်သဘင်ပွဲ ဆင်နွှဲကြသော သူဌေးသားလေးယောက်နှင့် ရှင်ဘုရင်တို့ ပျော်ပွဲစားထွက်ပုံ ဥပမာဖြင့် ဖွင့်ပြထားပါသည်။ ဤသုတ်၌ သေခဗလကို ဟောတော်မူပုံနှင့် ကောရဏ္ဍကောလဝါသီ မဟာဒန္တထေရ်၏ အဆိုအမိန့်ကိုလည်း ပြဆိုထားပါသည်။

ဋီကာ၌လည်း အကျယ် ဖွင့်ဆိုချက်များ ရှိပါသည်။ []


ဒဋ္ဌဗ္ဗသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[]

Remove ads

ဒဋ္ဌဗ္ဗသုတ်

[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads