ဒုဂ္ဂတိ

From Wikipedia, the free encyclopedia

ဒုဂ္ဂတိ
Remove ads
  • (၁) ဒုက္ခ၏ ဖြစ်ရာအရပ်၊ ကိုယ် စိတ် ဆင်းရဲမှု၏ ဖြစ်ရာအရပ်။ [][]
  • (၂) ဒုက္ခ၏ တည်ရာအရပ်။ []
  • (၃) ဒုက္ခ၏ လည်းလျောင်းရာ ဒုဂ္ဂတိ ရောက်–ရာ အရပ်။ []
  • (၄) ဒေါသသည် ဖျက်ဆီးအပ်သော ကံကြောင့် ဖြစ်ရသော ဂတိ (လား-ရောက်-အပ်သော ဘဝ)။ []
  • (၅) မကောင်းမှု ပြုသူတို့၏-လား-ရောက်-ရာ အရပ်။ []
  • (၆) ဒုက္ခ နှင့် ပြည့်စုံသူတို့၏ အရပ်။[]
  • (၇) ဆင်းရဲသော-ဂတိ-ဖြစ်ခြင်း။ []
  • (၈) စက်ဆုပ်အပ်သော-ဂတိ-ဖြစ်ခြင်း။ []
  • (၉) ကဲ့ရဲ့အပ်သော ဂတိ၊[၁၀] (က) ငရဲဘုံ[၁၁] (ခ) အပါယ်၄-ဘုံ[၁၂] (ဂ) ပြိတ္တာဘုံ။[၁၃] (ဃ)(နိရယ, ပေတ, တိရစ္ဆာန, မနုဿဒေဝ-ဟူသော) ဂတိ ၅-ပါး။ [၁၄]
  • (၁၀) ဒုက္ခ၏ဖြစ်ခြင်း၊ ဒုက္ခသို့ ရောက်ခြင်း။[၁၅]
  • (၁၁) (ရာဂ-စသော ကိလေသာတို့သည်) ဖျက်ဆီးအပ်သော ကိုယ်, နှုတ်, စိတ်တို့၏ -ဖြစ်ခြင်း-ဖြစ်ပုံ (ကာ, ဝစီ, မနော ဒုစရိုက်)။ [၁၆]
  • (၁၂) ဆင်းရဲ–ငြိုငြင်–ပင်ပန်း-စွာ(အစား, အဝတ်ကို) ရခြင်း၊ ခက်ခက်ခဲခဲ တောင်းရမ်းနိုင်မှ လိုရာရခြင်း၊ ဆင်းရဲ–နွမ်းပါး-ခြင်း။ [၁၇]
  • (၁၃) မကောင်း–ပျက်စီး-သော ဖြစ်ခြင်း (လူဆင်းရဲ)။ [၁၈]
  • (၁၄) ဆင်းရဲ သော–ဖြစ်ခြင်း–အကျင့်။ [၁၉]
  • (၁၅) စက်ဆုပ်အပ်သော-ဖြစ်ခြင်း-အကျင့်။ (ငရဲ။ အမရ၊ ၉။ ၁။ ကံမကောင်းခြင်း၊ ဆင်းရဲခြင်း၊ အသွားခက်သော လမ်း–ခရီး၊ ငရဲ။-P.S.D. ။) [၂၀][၂၁]
Remove ads

ဒုဂ္ဂတိ ၂-မျိုး

(ပဋိပတ္တိဒုဂ္ဂတိ၊ ဂတိဒုဂ္ဂတိ) [၂၂] ။ ဒုဂ္ဂတိယူပုံ ၂-နည်း၊ [၂၃] ။ ဒုဂ္ဂတိ အမျိုးမျိုးမှ လွန်မြောက်ကြောင်း နည်းပေးသော ဂါထာ၊ [၂၄]ဥဒ္ဓတသုတ်[၂၅]

ဒုဂ္ဂတိလားကြောင်းများ

အပြစ်မရှိရာကို အပြစ်ရှိ၏ဟု ထင်လျှင် အပြစ်ရှိရာကို အပြစ်မရှိဟုထင်လျှင် ဒုဂ္ဂတိလားရတတ်ကြောင်း တိတ္ထိယသာဝကဝတ္ထု၌ ဟောထားသည်။ [၂၆]

နိဂဏ္ဌဝတ္ထု[၂၇] မရှက်အပ်သည်ကိုရှက်၊ ရှက်အပ်သည်ကို မရှက်လျှင် ဒုဂ္ဂတိလားရတတ်ကြောင်းဂါထာ၊ ဘေးရှိရာကို မရှိထင်၊ ဘေးမရှိ ရာကို ရှိ၏ ထင်လျှင်လည်း ဒုဂ္ဂတိလားရတတ်ကြောင်း။ [၂၈]

ဒုဂ္ဂတိဘဝသို့ ရောက်ခြင်းအကြောင်းများမှာ [၂၉] ဒုစရိုက် ၁၀-ပါးဟူလို။ ။ [၃၀] ပါဏာတိပါတသုတ်မုသာဝါဒသုတ်အဝဏ္ဏာရဟသုတ်ကောဓဂရုသုတ်၊ (အ-ခဏ်း၌ ရေးခဲ့ပြီ)။ [၃၁]

ဒုစရိုက်-၁၀-ပါးက ဒုဂ္ဂတိဘဝသို့ ပိုဆောင်၍ ၊ သုစရိုက် ၁၀-ပါးက သုဂတိဘဝသို့ ပို့ဆောင်ကြောင်းဟောသော အသိဗန္ဓကပုတ္တသုတ်[၃၂] မှတ်သားစရာကောင်းလှ၏။

ဓမ္မက သုဂတိ၊ အဓမ္မက ဒုဂ္ဂတိသို့ ပို့ဆောင်ကြောင်း ဂါထာ [၃၃] ။ သဘောတူဂါထာ၊ [၃၄]

ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်လျှင် ဒုဂ္ဂတိသို့ ပို့ဆောင်တတ်ကြောင်း ဂါထာ၊ [၃၅]

ပြစ်မှားသောစိတ်ဖြင့် သေလျှင် ဒုဂ္ဂတိသို့ လားရ တတ်ကြောင်း ဂါထာများ၊ [၃၆]ပဒုဋ္ဌစိတ္တသုတ်[၃၇]၌ ဂါထာများပါ၏။ [၃၈] ။ မဟုတ်မမှန်လုပ်ကြံ စွပ်စွဲခဏ်း၌လည်း ရှိ၏)၊ (လေထက်လွှင့်မြူ၊ ကိုယ့်ဘက်မူသို့ အခန်း၌လည်း ရှိ၏)။ [၃၉] သေခါနီးတွင် လောဘ, ဒေါသဖြင့်သေက ဧကန် မုချဒုဂ္ဂတိဘဝသို့ ကျရောက်စေနိုင်ကြောင်း ဟောထားသော ပဒုဋ္ဌစိတ္တသုတ်။

မြွေပွေးခါးပိုက်ဆောင် အဓမ္မစာရီ ပုဂ္ဂိုလ်ကို ၎င်းအကုသိုလ်ကံက ဒုဂ္ဂတိသို့ ပို့ကြောင်းနှင့်စပ်၍ ပေးထားသော ဥပမာဂါထာ [၄၀]

မေ့လျော့သူမှာ ဒုဂ္ဂတိ လားရတတ်ကြောင်း ဂါထာ၊ [၄၁]

ရဟန်းတို့ မိစ္ဆာဇီဝအမှုများကို ပြုခြင်းကြောင့် ဒုဂ္ဂတိရောက်နိုင်ပုံ၊ မပြုခြင်းကြောင့် သုဂတိ ရောက်နိုင်ပုံကို ပြဆိုခဏ်း၊ [၄၂]

[၄၃] အဝိဇ္ဇာကြောင့် ဒုဂ္ဂတိဘဝရောက်ရ၍ ဝိဇ္ဇာကြောင့် ဒုဂ္ဂတိဘဝမှ လွန်မြောက်ကြောင်း ဟောထား၏၊ ဂါထာများပါ၏။

Remove ads

ဒုဂ္ဂတိနှင့် စပ်ဆက်သော သုတ်များ

ဒုဂ္ဂတိဘယသုတ်ဒုဂ္ဂတိဝိနိပါတဘယသုတ်တို့၌ [၄၄] ဒုဂ္ဂတိဘဝမှ လွန်မြောက်ကြောင်း လေးပါး၊ (ရတနာသုံးပါး၌ ကြည်ညိုမှု၊ ၅-ပါးသီလ လုံခြုံမှု)။ [၄၅]

ပုဂ္ဂလသုတ် တမောတမပရာယနော-စသော ပုဂ္ဂိုလ်လေးယောက်ကို ဟောထား၏၊ [၄၆] ဂါထာများ မှတ်သားဖွယ်၊ ဤ၌ ဒုဂ္ဂတိဘဝကို အမှောင်တွင်း၊ သုဂတိဘဝကို အလင်းဟု ဟောထား၏။

ဗြဟ္မပြည်တဝင်းဝင်း၊ ဝက်စားကျင်းတရှုံ့ရှုံ့ဟု ဤသို့ ဆိုရိုးစကားရှိသော်လည်း ဗြဟ္မာပြည်မှ တန်းလျှောက်(ဝါ) နတ်ဘဝ-လူဘဝမခြားဘဲ ဒုဂ္ဂတိဘဝသို့ မရောက်နိုင်ကြောင်း၊ [၄၇] ပဌမနာနာကရဏသုတ်၊ ပဌမမေတ္တာသုတ်[၄၈]သူကရပေါတိကာဝတ္ထု၊ ဓမ္မ-ဋ္ဌ-ဒု-အုပ်-၃၃၂။ ။ အာနေဉ္ဇသုတ်-အံ၊ ܀ပိဋကတ်လမ်းညွှန်[02/143]

အကုသလမူလသုံးပါးကြောင့် ယခုဘဝတွင်လည်း ဆင်းရဲ၍ ဒုဂ္ဂတိဘဝသို့လည်းရောက်ရကြောင်း ဟောသော “အကုသလမူလသုတ်[၄၉]

အတ္တာနုဝါဒသုတ်[၅၀] အတ္တာနုဝါဒ ပရာနုဝါဒ ဒဏ္ဍ ဒုဂ္ဂတို့ ဘေး ၄-ပါးကို ဟောထား၏။ [၅၁]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads