နည်းပညာတက္ကသိုလ်(မုံရွာ)
From Wikipedia, the free encyclopedia
Remove ads
မုံရွာနည်းပညာတက္ကသိုလ်သည် ၅၁.၀၆ဧက ကျယ်ဝန်းပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၏ တောင်ဘက်(၈) မိုင် ၁၃ ဖာလုံ အကွာ၊ မုံရွာမြို့မှ ဗောဓိတစ်ထောင်သို့ သွားရာလမ်းပေါ် (မိုးညှင်းသန္ဗုဒ္ဓေအနီး) တွင် တည်ရှိသည်။ အင်ဂျင်နီယာဘာသာရပ်ခွဲပေါင်း အတော်အတန်များစွာ သင်ယူလေ့လာနိုင်သည်။ CIVIL, EC, EP,MP,IT, MC,TEX စသော ဘာသာရပ်များ လေ့လာသင်ယူနိုင်သည်။ ပင်မကျောင်းဆောင်ကြီးကို ၂ဝဝ၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင် ကျောင်းနေရာမှ မုံရွာမြို့၏ မြောက်ဘက်တွင်ရှိပြီး၊ ၂ဝဝ၄ ခုနှစ်တွင်မှ ယခုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ မဟာဘွဲ့၊ ဘွဲ့ပေါင်းများစွာ မွေးထုတ်ပြီးဖြစ်သည်။ နည်းပညာတက္ကသိုလ်ဘူတာရုံလည်း ရှိသည်။ မုံရွာနည်းပညာတက္ကသိုလ်တွင် အများအားဖြင့် မုံရွာခရိုင်အတွင်း မြို့နယ်များဖြစ်သည့် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်တို့မှ ကျောင်းသားများ တက်ရောက်ကြသည့်အပြင်၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်၊ ရေစကြိုမြို့နယ်တို့မှပါ တက်ရောက်ကြသည်။
Remove ads
သမိုင်းကြောင်း
နည်းပညာတက္ကသိုလ်(မုံရွာ) ကို ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads