နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်
From Wikipedia, the free encyclopedia
Remove ads
နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် အိန္ဒိယနိုင်ငံ ဥတ္တရခန်ပြည်နယ်တွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ [၁] ၎င်းသည် ၂၀ ကီလိုမီတာမျှ ကွာဝေးသော နန္ဒဒေဝီ အမျိုးသားဥယျာဉ် နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် နှစ်ခုတို့အပြင် ၎င်းတို့ကို ဝန်းရံနေသော ကြားခံနယ်မြေ ပါ ပါဝင်သည်။
၁၉၈၈ ခုနှစ်တွင် ထိုဒေသအား "နန္ဒဒေဝီ အမျိုးသား ဥယျာဉ်" အဖြစ် ယူနက်စကိုမှ စာရင်းသွင်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်ကိုပါ တိုးချဲ့ ထည့်သွင်းခဲ့ပြီး ကြားခံနယ်မြေကိုပါ ထည့်သွင်းကာ "နန္ဒဒေဝီ နှင့် ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ်များ" ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
ထိုဒေသ၏ ဧရိယာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- ၆၃၀.၃၃ km2 (၂၄၃.၃၇ sq mi) - နန္ဒဒေဝီ အမျိုးသားဥယျာဉ် ပင်မဒေသ
- ၈၇.၅၀ km2 (၃၃.၇၈ sq mi) - ပန်းပွင့်တောင်ကြား အမျိုးသားဥယျာဉ် ပင်မဒေသ
- ၅,၁၄၈.၅၇ km2 (၁,၉၈၇.၈၇ sq mi)[၁] - ကြားခံနယ်မြေ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads