နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

သံဃိဿရသံဃဦးကိုင် From Wikipedia, the free encyclopedia

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
Remove ads

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (အတိုကောက် မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်သည်။ တနည်း "သာသနာပိုင်အဖွဲ့"ဖြစ်သည်။[] ရတနာပုံခေတ်တွင် မင်းဧကရာဇ်ခန့်အပ်သည့် သာသနာပိုင်ဆရာတော်က ဦးဆောင်သည့် သုဓမ္မခေါ်ဆရာတော်များက ဝိနယကိစ္စများ ဖြေရှင်းခဲ့သည့် မူရှိသည်။

အချက်တိုများ မြန်မာနိုင်ငံရှိ သံဃာများအစိုးရအဖွဲ့အစည်း, ကောင်စီ အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၄၂ ခု၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် မေလ) တွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။

သံဃာ့ကိုယ်စားလှယ် အပါး ၁၂၀၀ အနက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး ၃၀၀ ကို ကနဦး ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက်မှ သံဃမဟာနာယက ဆရာတော် ၃၃ ပါး (နောက်ပိုင်းတွင် ၄၇ ပါး) ကို ထပ်မံရွေးချယ်ကာ ရန်ကုန်မြို့၌ ရုံးထိုင်စေခဲ့သည်။

Remove ads

အဖွဲ့ဝင်များ

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက ခန့်အပ်သည့် ဥက္ကဋ္ဌဆရာတော် တစ်ပါး၊ ဒုတိယဥက္ကဋ္ဌဆရာတော် ခြောက်ပါး၊ အကျိုးတော်ဆောင်ချုပ် တစ်ပါး၊ တွဲဖက်အကျိုးတော်ဆောင် ခြောက်ပါး၊ အဖွဲ့ဝင် ၃၃ ပါး၊ စုစုပေါင်း သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားရှိသည်။ အဖွဲ့ဝင်သက်တမ်းမှာ ၁၉၉၅ မတိုင်ခင်ထိ ငါးနှစ်ဖြစ်သော်လည်း၊ ၁၉၉၅ ခုနှစ်မှစ၍ သုံးနှစ်ဖြစ်သည်။

စတုတ္ထမြောက်ဥက္ကဋ္ဌမှာ နဝမမြောက်ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ ဖြစ်ပြီး လက်ရှိ ပဉ္စမမြောက်ဥက္ကဋ္ဌမှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်)သည်။

Remove ads

မဟနဥက္ကဋ္ဌစာရင်း

နောက်ထပ် အချက်အလက်များ စဉ်, အဆောင်အယောင် ...

ဆောင်ရွက်ချက်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads