ပဒုမာဟတ္ထ

From Wikipedia, the free encyclopedia

ပဒုမာဟတ္ထ
Remove ads

လက်တွင်ကြာပန်းကို ကိုင်ထားဟန်ဖြစ်သည်။

Thumb

ပဒုမာ ပါဏိပုံဟူ၍၎င်း, ကမလာဟတ္ထ ပုံတူဟူ၍၎င်း ခေါ်ကြသည်။

ပဒုမာကြာသည် ဖြူစင်သောသဘော, လန်းဆန်းသော သဘောကိုဆောင်သည်၊ နေ့အချိန်အခါကို ညွှန်ပြသည်။ နေလှည့်ကြာ, လပကြာ, ကြာညိုစသည်ဖြင့် ကြာငါးမျိုးအနက် တခုခုကို ကိုင်ထားပါက ပဒုမာဟတ္ထ ဟူ၍ပင် ယေဘုယျနည်းအားဖြင့် ခေါ်ကြသည်။

မင်္ဂလာရှိခြင်း, အေးမြချမ်းသာခြင်း, ဖြူစင်သန့်ရှင်းခြင်း, ကိလေသာမှ ကင်းစင်ခြင်း, မေတ္တာတရား အပြည့်အဝရှိခြင်း, အကျိုးပေးသန့်ရှင်းခြင်း, ဘုန်းတန်ခိုးကြီးခြင်း စသောကောင်းမြတ်သော အနက်သဘောတို့ကို ဆောင်ပေသည်။

ပုဗ္ဗေ စ ကတပုညတာမင်္ဂလာ, ဓမ္မစရိယမင်္ဂလာ, ဗြဟ္မစရိယမင်္ဂလာ, ဝိရဇမင်္ဂလာ, အာရတီ ဝိရတီ ပါပါမင်္ဂလာများကို သရုပ်ဆောင် ပြထားပေသည်။

အဗ္ဘုတရသ, သန္တရသများကို ပေါ်လွင်စေသည်။

သီလပါရမီ, ပညာပါရမီ, သစ္စာပါရမီ, မေတ္တာပါရမီ စသည်များ စခန်းသို့ ညွှန်ပြထားပေသည်။

ပုံစံအားဖြင့် ပဒုမုတ္တရ မြတ်စွာဘုရား ဆင်းတုတော်တွင်၎င်း, ဘုရားလောင်း သိဒ္ဓတ္ထကုမာရ ဖွားမြင်တော်မူခန်းတွင်၎င်း, ပဒ္မသမ္ဘဝ ရုပ်ပွားတော်တွင်၎င်း ကြာပန်းပေါ်တွင် ရပ်လျက် လက်တော်တွင် ကြာပန်းခိုင်ကို ကိုင်ထားဟန်ဖြင့် စီရင်ထားတတ်ကြောင်း တွေ့ရှိရပေသည်။

ကြာပန်းခိုင် ကိုင်ဆောင်ထားသော အဝလောကီတေသွာရဘုရားပုံကို ပဒ္မပါဏိပုံ = ပဒုမာပါဏီ ပုံတော်ဟူ၍ ခေါ်ကြသည်။

မြင်းပုဂံအရပ်ရှိ နန်းဘုရားအတွင်း အရှေ့တောင်နှင့် အနောက်တောင်ထောင့်မှ ဗြဟ္မာရုပ်များကို ပဒုမာဟတ္ထပုံဟန်များဖြင့် တွေ့ရှိနိုင်ပါသည်။

ပဒုမာဟတ္ထ ပုံပါသော ရုပ်ပွားဆင်းတုတော်များကို ကိုးကွယ်သူသည် မင်္ဂလာရှိခြင်း, ဖြူစင်သန့်ရှင်း ရောဂါကင်းခြင်း, အနာဒဏ်ရာ ပျောက်ကင်း ချမ်းသာခြင်း, ဘေးဥပဒ် အန္တရာယ် မငြိတွယ်ခြင်း, ဘုန်းတန်းခိုး ကြီးမားခြင်း, တင့်တယ်ခြင်း, ချစ်ခင်ကြင်နာသူ ပေါများခြင်း, ကျော်စောခြင်း, ကျက်သရေတိုးခြင်း စသောအကျိုးကျေးဇူးများကို ရနိုင်ကြောင်း ဝဇီရာယာန ကျမ်းဂန်များ၌ ဖော် ပြပါရှိသည်။ ဆုတောင်းပြည့်အောင် စီရင်ကြရာ၌၎င်း ရန်ပြေမာန်ပြေ ယတြာချေရာ၌၎င်း ဤပုံကို အသုံးပြုကြသည်ဟု တန္တရာယာန ကျမ်းများ၌ မိန့်ဆိုထားပါသည်။ []

[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads