ပရိနိဗ္ဗာန်
From Wikipedia, the free encyclopedia
Remove ads
ပရိနိဗ္ဗာန်-ပြု-ဝင်စံ-ခြင်း၊ ကိလေသာ, ခန္ဓာတို့၏ (အကြွင်းမဲ့)-မဖြစ်-ကုန်ဆုံး-ပျက်စီး-ခြင်း[၁]။
ဝီကီရင်းမြစ်ရှိ ကိုယ်ကျင့်အဘိဓမ္မာမှ နိဗ္ဗာန် နှင့်ပတ်သက်သမျှများကို သည်မှာ ဖတ်ပါ။
ယင်းပရိနိဗ္ဗာန်သည် ကိလေသပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန်, ဓာတ်တော်တို့၏ အကြွင်းမဲ့ ပျက်စီးခြင်းဟုဆိုအပ်သော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-မျိုးရှိသည်၊
- ထိုသုံးမျိုးတို့တွင် ကိလေသပရိနိဗ္ဗာန်သည် ဘုရားဖြစ်တော်မူစ ဗောဓိပင်ရင်းကပင် ဖြစ်တော်မူခဲ့သည်။
- ခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ် အင်ကြင်းပင်ပျို နှစ်ပင်တို့၏ အကြား၌ ဖြစ်ခဲ့သည်။
- ဓာတုပရိနိဗ္ဗာန်သည် နောင် သာသနာတော် ကွယ်ပျောက်သောအခါ ဗောဓိပင်၌ သာသနာတော် ဆုတ်ယုတ်ပျက်စီးသောအခါ လူ့ပြည်, နတ်ပြည်, နဂါးပြည်တို့မှ ရှိရှိသမျှ အားလုံးသော ဓာတ်တော်တို့သည် ဖြစ်လိမ့်မည်။
Remove ads
ရှေးဦးစွာ သီဟိုဠ်ကျွန်း မဟာစေတီ၊ ထိုမှ နာဂဒီပကျွန်း ရာဇာယတနစေတီ၊ ထိုမှ မဟာဗောဓိပင်သို့ ကြွသွားတော်မူကြလိမ့်မည်။ မဟာဗောဓိပင်၌ ဓာတ်တော်အားလုံး စုရုံး၍ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်သော တခဲနက်သော ရွှေဆင်းတုတော် ပုံဟန် ဖန်ဆင်းပြီးလျှင် ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးလျက် ရေမီးအစုံအစုံသော တန်ခိုးပြာဋိဟာကို ပြတော်မူကာ ဗြဟ္မာ့ပြည် တိုင်အောင် အခိုးအလျှံ တက်စေလျက် တေဇောဓာတ် လောင်ကျွမ်းတော်မူကြလိမ့်မည်။ [၂]
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
