ပဟာနသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ဗဟိဒ္ဓါယတန ခြောက်ပါး၊ ဝိညာဏ် ခြောက်ပါး၊ သမ္ဖဿ ခြောက်ပါး၊ ဝေဒနာ ၁၈-ပါးဟူသော အလုံးစုံကို ပယ်စွန့်ခြင်းငှာ တရားတော်ကို ဟောတော်မူပေအံ့ဟု အာယတနတစ်မျိုးစီ အသီးသီးကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် သုခဝေဒနာ၌ ရာဂါနုသယ၊ ဒုက္ခဝေဒနာ၌ ပဋိဃာနုသယ၊ အဒုက္ခမသုခဝေဒနာ၌ အဝိဇ္ဇာနုသယကို ပယ်ပြီးသောပုဂ္ဂိုလ်ကို နိရာနုသယ၊ သမ္မဒ္ဒသ၊ အစ္ဆေစ္ဆိတဏှံ၊ ဝိဝတ္တယိသံယောဇန၊ သမ္မာမာနာဘိသမယ၊ အန္တမကာသိဒုက္ခဿ-ဟု ခေါ်ဆိုထိုက်၏။ မဟာခီဏသဝ ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပဟာနသညာနှင့်တကွ ဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည် ရှိသော် အရဟတ္တဖိုလ်၊ အနာဂါမိဖိုလ် တစ်မျိုးမျိုးကိုရနိုင်ပုံ၊ မဟာအတ္ထ, မဟာယောဂက္ခေမ, မဟာသံဝေဂ, မဟာဖာသုဝိဟာရအကျိုးငှာ ဖြစ်နိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အနုသယ၊ ပဋိဃ၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မာန၊ ဘဝရာဂ၊ အဝိဇ္ဇာ-ဟူသော သံယောဇဉ်ခုနစ်ပါးတို့ကို အကြွင်းမဲ့ ပယ်အပ်ပြီးသောပုဂ္ဂိုလ်ကို အစ္ဆေစ္ဆိတဏှံ၊ ဝိဝတ္တယိသံယောဇန၊ သမ္မာမာနာဘိသမယ၊ အန္တမကာသိဒုက္ခဿ-ဟု ခေါ်ဆိုထိုက်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads