ပါရိဝါသိကသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ပါရိဝါသိကသိက္ခာပုဒ်
Remove ads

အမှု—ပျက်ပြီးသော ဆန္ဒပေးခြင်းဖြင့် ဘိက္ခုနီပြုပေးမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာ ပြုလုပ်ပုံ

ရဇဂြိုဟ်မြို့၌ နေစဉ် ထုလ္လနန္ဒာသည် သိက္ခမာန် တယောက်ကို ဘိက္ခုနီ ပြုလုပ်ပေးဖို့ရန် ရဟန်း ယောက်ျား မထေရ်ကြီးများကို ပင့်ဖိတ်ထားသဖြင့် ကြွနိုင်သော မထေရ်ကြီးများသည် ကိုယ်တိုင်ကြွရောက်၍ မကြွနိုင်သော ထိုမဟာသိမ်အတွင်း၌ နေကြသော ရဟန်းများလည်း ထိုကံကို သဘောတူကြောင်း (ဝိနည်းထုံးစံအတိုင်း) ဆန္ဒပေးလိုက်ကြလေသည်။ ထိုသံဃာ အစည်းအဝေး၌ ဘိက္ခုနီပြုပေးပြီးနောက် ကျွေးမွေးဖို့ရန် ခဲဖွယ်ဘောဇဉ် များစွာကိုလည်း ဆိုင်ရာက စီမံထား၏၊ ထူလ္လနန္ဒာသည် ထိုခဲဖွယ် ဘောဇဉ်များကို (သူနှင့် ဓာတ်ချင်းမတူသော)မထေရ်ကြီးများကို မဘုဉ်းပေးစေလို သောကြောင့် “အရှင်ဘုရားတို့... သိက္ခမာန်ကို ယခုဘိက္ခုနီ မပြုပေးလိုသေးပါ” ဟု လျှောက်၍ မထေရ်ကြီးများကို ပြန်လွှတ်လိုက်လေသည်။

ထိုသို့ ပြန်လွှတ်လိုက်သည့်အခါ ထိုကံအတွက်သဘောတူကြောင်းပေးလိုက်သော ဆန္ဒလည်း ပျက်ပြယ်လေတော့၏၊ ထုလ္လနန္ဒာသည် ထိုသို့ပျက်ပြယ်ပြီးသော ဆန္ဒပေးခြင်းကိုပင် ထပ်မံအသုံးပြု၍ (နောက်ထပ် ဆန္ဒမယူစေဘဲ) အရှင်ဒေဝဒတ်နှင့် ဘက်တော်သား ဖြစ်ကြသော ကောကာလိက စသော ရဟန်းများကို ပင့်၍ သိက္ခမာန်ကို ဘိက္ခုနီ ပြုပေးလေသည်၊ ထိုသို့ပြုပေးရာ၌ သူပင့်လိုရာ ပင့်၍ ပြုပေးခြင်းက ကံမပျက်စေသော်လည်း ပျက်ပြယ်ပြီး ဆန္ဒကို အသုံးပြုခြင်းကား ကံကိုပျက်စေကြောင်း ထုလ္လနန္ဒာ၏ ထိုအမှုကို အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ ပါရိဝါသိကဆန္ဒဒါနေန သိက္ခမာနံ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။

မြန်မာပြန်

သုံးအပ်ပြီးသော (နဂိုဆန္ဒပျက်ပြယ်ပြီးသော) ဆန္ဒပေးခြင်းဖြင့် သိက္ခမာန်ကို ဘိက္ခုနီပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

မာတုဂါမတို့သည် ပထမအကြိမ်၌ ဘိက္ခုနီသံဃာ့အထံဝယ် ရဟန်း ပြုကြရ၏။ ထို့နောက် ဒုတိယတစ်ကြိမ်၌ ဘိက္ခုသံဃာ့အထံမှာ ရဟန်းပြု ကြရသည်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads