ပိဏ္ဍသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ပဉ္စသာလာဗြာဟ္မဏရွာ၌ သီတင်းသုံးတော်မူစဉ် မာရ်နတ်၏ ပူးဝင်လှည့်ပတ်မှုကြောင့် ဆွမ်းမရဘဲ ပြန်ကြွတော်မူလာသော ဘုရားရှင်အား နောက်တစ်ကြိမ် ဆွမ်းခံပြန်ဝင်ရန် လူအဟန် ဖန်ဆင်ထားသော မာရ်နတ်အား ဘုရားရှင်က “ဘုရားရှင်ကိုထိပါး၍ သင်ပြုထားသော မကောင်းမှု အကျိုးမပေးဟု မှတ်ထင်သလော? အာဘဿရာဗြဟ္မာကြီးတို့ကဲ့သို့ ရာဂအစရှိသော ကြောင့်ကြမှုကင်းပြီးသော ငါ ဘုရားရှင်တို့သည် ပီတိအစာဖြင့် ချမ်းသာစွာ အသက် မွေးတော်မူကုန်အံ့”ဟု မိန့်ကြားတော်မူရာ မိမိကို ဘုရားရှင်သိသွားပြီဟု ကိုယ်စိတ် နှစ်ဖြာ ဆင်းရဲစွာဖြင့် မာရ်နတ် ပြန်သွားကွယ်ပျောက်သွားသည်ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ပါဟုနက = အာဂန္တုက ပဏ္ဏာကာရအဖွင့် မာရ်နတ် နှောက်ယှက်ခြင်းကြောင့် သူငယ်မငါးရာကို သောတာပန် မဖြစ်တော့ပုံနှင့် မာရာဝဋ္ဋနအကြောင်းအစရှိသော မှတ်သားဖွယ်များ, ဖွင့်ဆိုချက်များ ပါရှိပါသည်။


[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ ကောင်းကင်၌ အသားတစ် ပြိတ္တာသတ္တဝါကို တွေ့မြင်ခဲ့ပါကြောင်း ဖြေကြားရာ၌ ဘုရားရှင်က “ယင်း အသားတစ် ပြိတ္တာသတ္တဝါသည် ဤရာဇဂြိုဟ်မြို့တော်၌ သားမုဆိုးဖြစ်ခဲ့ဖူးကြောင်း မိန့်ကြားတော် မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ပါရှိပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads