ပုက္ကုသာတိ
From Wikipedia, the free encyclopedia
Remove ads
ပုက္ကုသာတိ သည် မြတ်စွာဘုရားရှင်လက်ထက်တော်အခါက တက္ကသိုလ်ပြည့်ရှင်မင်းတစ်ပါး ဖြစ်သည်။ ထို့ပြင် ပုက္ကုသာတိသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့် ရင်းနှီးသည့် မိတ်ဆွေများလည်း ဖြစ်ကြသည်။
ပုက္ကုသာတိနှင့် ဗိမ္ဗိသာရမင်းကြီးတို့သည် အပြင်တွင် တစ်ခါမျှမမြင်ဖူးကြသောလည်း ကုန်သည်များမှတဆင့် လက်ဆောင်ပဏ္ဍာများ ပေးကြပြီး မိတ်ဆွေများ ဖြစ်နေကြသည်။ တစ်နေ့သောအခါတွင် ပုက္ကုသာတိမင်းသည် ဗိမ္ဗိသာရမင်းအား ကောင်းမွန်သည့် ကမ္ဗလာရှစ်ထည်ကို လက်ဆောင်ပို့သလိုက်လေ၏။ ထိုအခါ ဗိမ္ဗသာရမင်းကြီးသည် ပုက္ကုသာတိမင်း၏ ကမ္ဗလာရှစ်ထည်ထက်ပိုကောင်းသည့် လက်ဆောင်ကို ပြန်လည်ပေးလို၏။ ထို့အတွက် စဉ်းစားပါသော်လည်း အကြံမရဘဲ ဖြစ်နေ၏။ နောက်ဆုံးတွင် ထိုကမ္ဗလာတို့ထက်သာလွန်သည့် ရတနာသုံးပါးတို့၏ ဂုဏ်တော်များကို ရွှေပေပြားတွင် ရေးသာားကာ လက်ဆောင်ပို့လိုက်လေသည်။ ထို့အပြင် အာနာပါန အစီအရင်ကို စတုတ္ထစတုက္ကအထိ ၁၆ မျိးအပြည့်အစုံအား အစီအစဉ်တကျ အကျယ်တဝင့် ရေးသားကာ ပေးပို့ခဲ့သည်။
လက်ဆောင်ကို ရရှိသည့်အခါတွင် ပုက္ကုသာတိမင်းသည် တစ်ယောက်တည်း နန်းတော်အပေါ်ဆုံးအထပ်တွင် အားထုတ်ရာ စတုတ္ထဈာန်ကို ရခဲ့လေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads