ပုညာဘိသန္ဒသုတ်
From Wikipedia, the free encyclopedia
Remove ads
(၆)သုတ် ရှိပါသည်။
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗုဒ္ဓဂုဏ, ဓမ္မဂုဏ, သံဃဂုဏ, အဝေစ္စပ္ပသာဒ, အခဏ္ဍ, အစ္ဆိဒ္ဒ, အသဗလ, အကမ္မာသ, ဘုဇိဿ, ဝိညုပ္ပသတ္ထ, အပရာမဋ္ဌ, သမာဓိသံဝတ္တနိက, အရိယကန္တသီလနှင့် ပြည့်စုံခြင်းဟူသော ပုညာဘိသန္ဒ, ကုသလာဘိသန္ဒ, သုခဿာဟာရ တရားလေးပါးတို့ကို ရဟန်းတော်တို့အား ဘုရားရှင် ဟောကြားတော် မူသည့်သုတ်။
[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗုဒ္ဓဂုဏ, ဓမ္မဂုဏ, သံဃဂုဏ အဝေစ္စပ္ပသာဒ, ဥဒယတ္ထဂါမိနီ, အရိယာယနိဗ္ဗေဓိကာ, သမ္မာ ဒုက္ခက္ခယဂါမိနီ ပညာသမန္နာဂတ-ဟူသော ပုညာဘိသန္ဒ, ကုသလာဘိသန္ဒ, သုခဿာဟာရ တရားလေးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗုဒ္ဓဂုဏ, ဓမ္မဂုဏ, သံဃဂုဏ အဝေစ္စပ္ပသာဒ, ဥဒယတ္ထဂါမိနီ အရိယာ နိဗ္ဗေဓိကာ သမ္မာ ဒုက္ခက္ခယ ဂါမိနီ ပညာသမန္နာဂတ-ဟူသော ပုညာဘိသန္ဒ, ကုသလာဘိသန္ဒ, သုခဿာဟာရ တရားလေးပါးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၄] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အလှူရှင် လှူဒါန်းသော သင်္ကန်း, ဆွမ်း, ကျောင်းအိပ်ရာနေရာ, ဆေးပစ္စည်းအသုံးအဆောင်တို့ကို အသုံးပြုလျက် အပ္ပမာဏစေတောသမာဓိကို ရနေသောရဟန်း၏ အလှူရှင်သည် အပ္ပမာဏပုညာဘိသန္ဒ, ကုသလာဘိသန္ဒ, သုခဿာဟာရ သောဝဂ္ဂိက သုခဝိပါက သဂ္ဂသံဝတ္တနိက ဣဋ္ဌ, ကန္တ, မနာပ, ဟိတ သုခအလို့ငှါဖြစ်၏။
မဟာသမုဒ္ဒရာရှိ ရေကို ရေတွက်ချင်တွယ်၍ မရနိုင်သကဲ့သို့ ပုညာဘိသန္ဒ, ကုသလာဘိသန္ဒလေးပါးတို့နှင့် ပြည့်စုံသော အရိယာသာဝက၏ ကောင်းမှုအကျိုးကို ခံစားနိုင်သည့်ပမာဏသည် အသင်္ချေယျ အပ္ပမေယျ မဟာပုညက္ခန္ဓဖြစ်ပုံကို ရဟန်းတို့အား ပစ္စည်းလေးပါး တစ်ပါးစီ တစ်ပါးစီဝေဖန်၍ ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၅] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗုဒ္ဓဂုဏ, ဓမ္မဂုဏ, သံဃဂုဏ အဝေစ္စပ္ပသာဒ, အခဏ္ဍ, အစ္ဆိဒ္ဒ, အသဗလ, အကမ္မာသ, ဘုဇိဿ, ဝိညုပ္ပသတ္ထ, အပရာမဋ္ဌ, သမာဓိသံဝတ္တနိက, အရိယကန္တသီလနှင့် ပြည့်စုံခြင်း ဟူသော လေးပါးသော ပုညာဘိသန္ဒ, ကုသလာဘိသန္ဒ, သုခဿာဟာရ, သောဝဂ္ဂိက, သုခဝိပါက, သဂ္ဂသံဝတ္တနိက, ဣဋ္ဌ, ကန္တ, မနာပ, ဟိတ, သုခအလို့ငှါ ဖြစ်၏ဟု တစ်ပါးစီ တစ်ပါးစီဝေဖန်၍ ရဟန်းတော်တို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။
[၆] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးနေတော်မူစဉ် (အံ၊၁၊၃၆၅) ပဌမသုတ် ကဲ့သို့ ပစ္စည်းလေးပါး၌ မဉ္ဇပီဌ-ထည့်၍ ပုညာဘိသန္ဒ ၅-ပါးကို လှူဒါန်း ပေးသော အလှူရှင်၏ အကျိုးခံစားရပုံကို ပုညာဘိသန္ဒ ၁-ပါးစီ ၁-ပါးစီဝေဖန်၍ ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
ဋီကာ၌ ဖွင့်ဆိုချက် အနည်းငယ် ပါရှိပါသည်။ [၇]
ပုညာဘိသန္ဒသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ငါးမျိုးသော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်၏၊ ကောင်းမြတ်သောအာရုံကို ပေးတတ်ကုန်၏၊ ချမ်းသာကျိုးရှိကုန်၏၊ နတ်ပြည်၌ ဖြစ်စေတတ်ကုန်၏၊ အလိုရှိဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွားအလို့ငှါ ဖြစ်ကုန်၏ ဟူ၍ ထိုငါးမျိုးသော ကောင်းမှုအထု ကုသိုလ်အယဉ်တို့အကြောင်းကို ဟောကြားတော်မူခဲ့သည်။[၈]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads