ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်
ရွှေတိဂုံဘုရားကိုပတ်လည်ဝန်းရံထားသောပန်းခြံ From Wikipedia, the free encyclopedia
Remove ads
ပြည်သူ့ရင်ပြင် ပန်းခြံသည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ရွှေတိဂုံစေတီတော်ကို ပတ်လည်ဝန်းရံထားသော ပန်းခြံများထဲမှ တစ်ခု ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၃၅.၇၂ ဧက (၅၄.၉၂ ဟက်တာ) ကျယ်ဝန်းသည်။ ပြည့်သူ့ရင်ပြင်ကို အနောက်ဘက်တွင် ပြည်သူ့လွှတ်တော်၊ အနောက်ဘက်တွင် ပြည်လမ်း၊ အရှေ့ဘက်တွင် ဦးဝိစာရလမ်း၊ မြောက်ဘက်တွင် ဓမ္မစေတီလမ်း၊ တောင်ဘက်တွင် အလုံလမ်းတို့က အသီးသီးဝန်းရံထားသည်။[၁]


ယခင်က ပြည်သူ့ရင်ပြင်ပန်းခြံ ဧရိယာသည် ဘုရင်မကြီး ရှင်စောပု၏ နန်းတော်မြေနေရာ ဖြစ်ခဲ့သည်။ နယ်ချဲ့တို့၏ လက်ထက်တွင် နှစ်အနည်းငယ်ခန့် ဂေါက်ကွင်းဖြစ်ခဲ့ပြန်သည်။
မြေနေရာ၏ တစ်ဝက်ခန့် အနည်းငယ်ကျော်လွန်သည့် ပမာဏ ဖြစ်သည့် ၇၀.၃ ဧက (၂၈၄၀၀၀ စတုရန်းမီတာ) သည် ပြည်သူ့ရင်ပြင်ပိုင် ဖြစ်သည်။ ပြည်သူ့လွှတ်တော်မှစကာ ရွှေတိဂုံစေတီတော်အထိ ကျောက်ဖြင့်ပြုလုပ်ထားသော လမ်းလျောက်ရန်နေရာကို သစ်ပင်ပန်းမန်များဖြင့် မျဉ်းဖြောင့်ပုံစံ အလှဆင်ထားသည်။ ပြည်ထောင်စုအေးရိပ်ငြိမ်သည် ပန်းခြံ၏ ထောင့်တစ်နေရာကို ပိုင်ဆိုင်သည်။[၁]
ပြည်သူ့ရင်ပြင်ပန်းခြံပိုင်မြေသည် မြောက်ဘက်အထိ ၆၅.၄၂ ဧက (၂၆၄၇၀၀ စတုရန်းမီတာ) ပိုင်ဆိုင်သည်။ ပန်းခြံထဲတွင် သစ်ပင်ပေါင်း ၃၀၀၀ ကျော်ရှိပြီး သစ်ပင်မျိုးစိတ်ပေါင်း ၇၂ မျိုးရှိသည်။ ၁၂ မျိုးမှာ ဝါးဖြစ်သည်။ ၅၀ မျိုးမှာ ချုံနွယ်သစ်ပင်အမျိုးအစားများ ဖြစ်ကြသည်။ နိုင်ငံ၏ အခြားနေရာများမှ သစ်ပင်များကို စိုက်ပျိုးထားသည်။ အပွင့်ပွင့်သော ပန်းပင်များ၊ အသီးပင်များ၊ ဆေးဖက်ဝင်အပင်များ ရှိကြသည်။ အပွင့်ပွင့်သော အပင်များသည်လည်း ၁၇၀၀၀ ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads