ဗလေဒီမိုင် သဘာဝထိန်းသိမ်းရေး နယ်မြေ

ဆေးရှဲနိုင်ငံ ပရာစလင်ကျွန်းပေါ်ရှိ ထိန်းသိမ်းရေးနယ်မြေနှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေ From Wikipedia, the free encyclopedia

ဗလေဒီမိုင် သဘာဝထိန်းသိမ်းရေး နယ်မြေ
Remove ads

ဗလေဒီမိုင် သဘာဝ ထိန်းသိမ်းရေးနယ်မြေ (မေတောင်ကြား) သည် ဆေးရှဲနိုင်ငံ ပရာစလင်ကျွန်းပေါ်တွင် တည်ရှိသော သဘာဝဥယျာဉ်နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ [][] ထိုဥယျာဉ်တွင် ကောင်းမွန်စွာ ထိန်းသိမ်းထားသော အုန်းတောကြီးရှိပြီး ထိုဒေသရှိ ဒေသရင်းပင် ဖြစ်ပြီး ကျော်ကြားသော ကိုကိုးဒီမာ ဟု ခေါ်သည့် အုန်းပင်များနှင့် အခြား ဒေသရင်း အုန်းပင် ၅ မျိုးတို့ ပါဝင်သည်။ ကိုကိုး ဒီမာသည် အုန်းပင် မျိုးစိတ်ဝင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ရှိသမျှ အပင်ထဲတွင် အကြီးဆုံးသော အဆံ ရှိသည်။ ထိုဥယျာဉ်တွင် သီးသန့် အဖြစ်တည်ရှိနေသော တိရစ္ဆာန်များတွင်လည်း ဆေးရှဲ ကြက်တူရွေးနက်၊ နို့တိုက်သတ္တဝါများ၊ ကဏန်းများ၊ ပက်ကျိများနှင့် အခြားတွားသွားသတ္တဝါများ ပါဝင်သည်။[][] အခြားလာရောက်စိုက်ပျိုးထားသော အပင်များကို ထိုဒေသမှ ဖယ်ရှားရန် အစဉ်တစိုက် ပြုလုပ်ကြသော်လည်း ကော်ဖီပင်၊ နာနတ်ပင် နှင့် အလှစိုက်အုန်းပင်တို့ကို ဖယ်ရှားရာတွင် ယခုတိုင် မအောင်မြင်သေးပေ။ [] ယခင်က ဧရာမတိုက်ကြီးဖြစ်သော ဂွန်ဒွါနာ မှ သေးငယ်သော အစိတ်အပိုင်းများ အဖြစ်ကွဲထွက်ရာတွင် ဆေးရှဲလ်အား ယနေ့ခေတ် အိန္ဒိယနှင့် မဒါဂတ်စကားကျွန်းတို့ကြားတွင် ကျွန်းများ အဖြစ် ကျန်ရှိစေခဲ့သဖြင့် ဤသစ်တောတွင် ရှိသော ထူးဆန်းသော အပင်များနှင့် သတ္တဝါမျိုးစိတ်များသည် ထိုအချိန်ကတည်း ကြွင်းကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။[]

အချက်တိုများ ဗလေဒီမိုင် သဘာဝထိန်းသိမ်းရေး နယ်မြေ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads