ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)

From Wikipedia, the free encyclopedia

Remove ads

လှည်းကူးမြို့နှင့် မိုင် ၂၀-ခန့်အကွာ ပဲခူးရိုးမတောင်တန်း၏ အနောက်မြောက်ဘက် ဆင်ခြေလျှော တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသော ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း (နောင် ဗဟိုဝန်ထမ်းတက္ကသိုလ်)ကို ၁၉၆၅-ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဝင်းအတွင်း၌ သင်တန်းခန်းမဆောင်များ၊ သင်တန်းသားများ၏ အိပ်ဆောင်များ၊ အုပ်ချုပ်သူ ဆရာနှင့် အမှုထမ်းများ၏ နေအိမ်များ၊ ဆေးရုံ၊ မူလတန်းကျောင်း၊ ကပွဲရုံနှင့် စာကြည့်တိုက် စသော အဆောက်အဦများ ဆောက်ထားသည်။ အဆောက်အဦးများကို ၂၂၉.၆၄ ဧကရှိသော မြေကွက်ပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ စိုက်ပျိုးမြေများ၊ တောတွင်း လေ့ကျင့်ကွင်းများ၊ စက်ပစ်ကွင်းများပါ ပေါင်းလျှင် စုစုပေါင်း ဧက ၃၀၀၀-ကျော်ခန့် ရှိနေသည်။ ပြည်သု့ဝန်ထမ်းကောင်းများ မွေးထုတ်ရာ ကျောင်းဖြစ်၍ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ဇွဲရှိမှု၊ သည်းခံနိုင်မှု၊ စည်းကမ်းသေဝပ်မှု စသော အရည်အချင်းများကို လေ့ကျင့်ပေးသည်။ ဖောင်ကြီးရွာအနီးတွင် တည်ရှိနေခြင်းကြောင့်လည်း အများပြည်သူတို့က ဖောင်ကြီးသင်တန်းဟူ၍ ခေါ်လေ့ရှိကြသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads