ဘောဇနဒါနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဘောဇနဒါနသိက္ခာပုဒ်
Remove ads

အမှု—ဇာတ်ဆရာ, ဇာတ်သူ ဇာတ်သား စသည်တို့အား မိမိကိုယ်တိုင် ခဲဖွယ် ဘောဇဉ် ပေးမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ထုလ္လနန္ဒာ၏ အကြံ

ထုလ္လနန္ဒာသည် မိမိကျော်ကြားဖို့ရန် ကြိုးစားလေ့ရှိ၏၊ ထို့ကြောင့် ဇာတ်ဆရာ, ဇာတ်သမား, ဘား (ဂျွမ်း) သမား, မျက်လှည့်ပြသူ, အိုးစည်(ဒိုးပတ်) တီးသူတို့အား “ငါ၏ ဂုဏ်သတင်းကို ပရိသတ်မှာ ပြောကြပါ”ဟု တိုက်တွန်း၍ ခဲဖွယ်ဘောဇဉ်များကို ကိုယ်တိုင်ပေးလေ့ရှိ၏၊ ထိုအကြောင်းကို ကြားသိသော ဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူ ရလေသည်။

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ အဂါရိကဿ ဝါ ပရိဗ္ဗာဇကဿ ဝါ ပရိဗ္ဗာဇိကာယ ဝါ သဟတ္ထာ ခါဒနီယံ ဝါ ဘောဇနီယံ ဝါ ဒဒေယျ, ပါစိတ္တိယံ။

မြန်မာပြန်

အကြင်ဘိက္ခုနီသည် လူဝတ်ကြောင်အားသော်လည်းကောင်း, ပရိဗိုဇ်ယောက်ျားအားသော်လည်းကောင်း, ပရိဗိုဇ်မအားသော်လည်းကောင်း, ခဲဖွယ် ဘောဇဉ်ကို မိမိလက်ဖြင့်(ကိုယ်တိုင်) ပေးအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်

ဤသိက္ခာပုဒ်သည် ခဲဖွယ်ဘောဇဉ် ပေးမှုအတွက်သာ ပညတ်အပ်သော သိက္ခာပုဒ်တည်း၊ ဂုဏ်သတင်းအပြောခိုင်းမှုကား မအပ်သော ပစ္စည်းရှာမှုမျိုးဖြစ်၍ ဒုက္ကဋ်အာပတ်သာ ဖြစ်သင့်၏။ ထိုသို့ ခိုင်းသဖြင့် ဂုဏ်သတင်းကို ကြားသိရသောလူတို့က လှူကြသော ပစ္စည်းတို့မှာမူ ထိုသူနှင့်တကွ ရဟန်းဟူသမျှ မသုံးစွဲကောင်း၊ သုံးစွဲတိုင်း ဒုက္ကဋ် အာပတ်သင့်၏။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads