မကောကြက်တူရွေး

From Wikipedia, the free encyclopedia

Remove ads

မကောကြက်တူရွေး (Macaw) ကို ကြက်တောကြီးဟုလည်း ခေါ်တွင်သည်။ မကောကြက်တူရွေးသည် ကြက်တူရွေးမျိုးရင်းတွင် ပါဝင်၍ ရိုးရိုးကြက်တူရွေးထက် အကောင်ကြီး ကာ အမြီးရှည်ပြီးလျှက် အရောင်အဆင်းမှာ ပို၍လှပတောက် ပြောင်လေသည်။ အခွံမာသောသစ်သီး ဝလံများကို စားလေ့ ရှိသဖြင့် ကြီးမားချွန်ထက်၍ ကောက်ကွေးသော နှုတ်သီးရှိ၏။ မကောကြက်တူရွေးဟု ခေါ်ခြင်းမှာ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတွင် ပေါက်ရောက်သော မကော ဟုခေါ် သည့် အုန်းပင် တစ်မျိုးမှ အသီးကို အမြဲစားတတ်သောကြောင့် ဖြစ်သည်။

မကောကြက်တူရွေးကို တောင်အမေရိကတိုက်နှင့် ကျူးဗားကျွန်းတို့၌ တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ထိုကြက်တူရွေးမျိုး မရှိပေ။ ယင်း၏ အရောင်အဆင်းမှာ တစ်မျိုးတည်းမဟုတ်၊ ကျက်စားနေထိုင်သည့် ဒေသကို လိုက်၍ ခြားနားမှုရှိသည်။ ပနားမားနိုင်ငံ အရှေ့ပိုင်းမှ ဘရာဇီးနိုင်ငံ အလယ်ပိုင်းစပ်ကြားရှိ ဒေသများတွင် တွေ့နိုင်သော မကော ကြက်တူရွေးများ၏ အရောင်အဆင်းမှာ အပေါ်ပိုင်းတွင် အပြာရောင်ဖြစ်၍ အောက်ပိုင်းတွင် အဝါရောင်ဖြစ်၏။

တောင်အမေရိကတိုက် ပါရာဂွေးနိုင်ငံ မြောက်ပိုင်းရှိ မကော ကြက်တူရွေးမျိုးမှာမူကား အပေါ် ပိုင်း၌ အပြာရောင်ဖြစ်၍ အောက်ပိုင်းတွင် လိမ္မော်ရောင် ဖြစ်သည်။ အလျားမှာ ပျမ်းမျှ လက်မ ၃ဝ ကျော်သည်။

မကောကြက်တူရွေးများသည် ခရီးဝေးကို တစ်ဆက် တည်း ပျံသန်းနိုင်ကြ၏။ အသံမှာ ကျယ်လောင် စူးရှလှ၍ သူတို့ရှိမှန်းကို အသံဖြင့် အဝေးကပင် သိနိုင်သည်။ အစုလိုက် အအုပ်လိုက် နေထိုင်တတ်ကြသော်လည်း၊ မိတ်လိုက်ရာတွင် အဖိုအမ တစ်ကောင်တည်းကိုသာ အာရုံပြုတတ်သော အလေ့ အထရှိသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads