မာရီယာ ရှာရာပိုဗာ

ရုရှား တင်းနစ်ကစားသမား From Wikipedia, the free encyclopedia

မာရီယာ ရှာရာပိုဗာ
Remove ads

မာရီယာ ရှာရာပိုဗာ (Maria Yuryevna Sharapova) (၁၉၈၇ ဧပြီ ၁၉ မွေး) သည် ယခင် ကမ္ဘာ့ အဆင့်တစ် ရုရှားလူမျိုး အမျိုးသမီး ကြေးစား တင်းနစ်သမား တစ်ဦးဖြစ်သည်။ ရှာရာပိုဗာသည် အမျိုးသမီး တင်းနစ် အဖွဲ့ချုပ်၏ တစ်ဦးချင်း ဖလား ၂၃ ခုကို ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ် ဝင်ဘယ်လ်ဒမ် ချန်ပီယံ၊ ၂၀၀၆ ခုနှစ် အမေရိကန် အိုးပင်း ချန်ပီယံ နှင့် ၂၀၀၈ ခုနှစ် ဩစတြေးလျ အိုးပင်း ချန်ပီယံ စသည့် ဂရင်းန် စလမ်း ချန်ပီယံဘွဲ့များကိုလည်း ၃ ခါရရှိခဲ့ဘူးသည်။ သူမသည် ၂၀၀၄ ခုနှစ် နှစ်ကုန် အမျိုးသမီး တင်းနစ်အဖွဲ့ချုပ်၏ ဖိတ်ခေါ် လှည့်လည်ပြိုင်ပွဲတွင်လည်း အနိုင်ရခဲ့ဖူးသည်။

အချက်တိုများ နိုင်ငံ, နေထိုင်ရာ ...

အမျိုးသမီး တင်းနင်အဖွဲ့ချုပ်က သူမကို ကမ္ဘာ့ အဆင့်တစ်အဖြစ် ၄ ကြိမ် တိုင် သတ်မှတ်ခဲ့ဖူးသည်။ ပထမဆုံး အကြိမ် ကမ္ဘာ့အဆင့်တစ် အဖြစ် သတ်မှတ်ခြင်း ခံရသည်မှာ ၂၀၀၅ ခုနှစ် ဩဂုတ်လ ၂၂ ရက်တွင် ဖြစ်ပြီး နောက်ဆုံးအကြိမ် ကမ္ဘာ့အဆင့်တစ် အဖြစ် သတ်မှတ်ခြင်း ခံရသည်မှာ ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်တွင် ဖြစ်သည်။ သူမကို လက်ရှိ ကမ္ဘာ့ အဆင့် ၈ အဖြစ် သတ်မှတ်ထားသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads