မိုင်းပွန်ဟော်နန်း
From Wikipedia, the free encyclopedia
Remove ads
မိုင်းပွန်ဟော်နန်း (ရှမ်း: ႁေႃၸဝ်ႈၾႃႉမိူင်းပွၼ်) သို့မဟုတ် မိုင်းပွန်ဟော် သည် မိုင်းပွန်နယ်ကို အုပ်ချုပ်သော စော်ဘွားများ နေထိုင်ခဲ့ရာ နေရာ ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး အာဇာနည်အဖြစ် သတ်မှတ်ခံထားရသော မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ နေထိုင်ရာနေရာအဖြစ်လည်း သိကြသည်။[၁][၂]
Remove ads
သမိုင်းကြောင်း
ဟော်နန်းကို ၁၈၈၇ ခုနှစ်ခန့်တွင် စဝ်ခွန်တိက ဆောက်လုပ်ခဲ့သည်။[၁][၂]
၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက်တွင် ဟော်နန်းအား အသုံးပြုမှု မရှိတော့ပေ။ ဒေသခံဘုန်းတော်ကြီးကျောင်းများက ဟော်နန်းအား ပြန်လည်ပြုပြင်ရန်အတွက် အလှူခံခြင်းများ ပြုလုပ်ခဲ့သည်။[၁]
၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်က ဟော်နန်းအား ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကြေညာခဲ့သည်။[၃] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြင်ဆင်ခြင်း ပြီးစီးခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
