မီးကြာလှည့်ခြင်း

From Wikipedia, the free encyclopedia

မီးကြာလှည့်ခြင်း
Remove ads


မီးကြာလှည့်ခြင်း ဆိုသည်မှာ ဖရောင်းတိုင် ထွန်းထားသော ရောင်စုံစက္ကူမီးပုံးများ ကိုင်ဆောင်ကာ ဘုရားကျောင်းကန်များတွင် စီတန်းလှည့်လည်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် အတွေ့ရများပြီး ကယားပြည်နယ်နှင့် အချို့သော တိုင်းဒေသကြီး အစိတ်အပိုင်းနှင့် ပြည်နယ်များတွင် ပြုလုပ်လေ့ရှိသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ညနှင့် တန်ဆောင်မုန်းလပြည့်ညကဲ့သို့သော အခါကြီးရက်ကြီးညများတွင် မီးကြာလှည့်ခြင်းပြုကြသည်။[] အခါကြီးရက်ကြီးမဟုတ်သော်လည်း အဆင်ပြေရာရက်များ၌ ကထိန်သင်္ကန်း ကပ်လှူကြချိန် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတလျောက်တွင် မီးကြာလှည့်ကြသည်များလည်းရှိသည်။ ကျေးလက်ဘက်တွင် ကထိန်ခင်းမည့်နေ့မတိုင်ခင် ညပိုင်း၌ ကထိန်ပွဲတော်အတွက် ပြုလုပ်ထားသည့် ပဒေသာပင်ကြီးများထက်တွင် အတွင်းပိုင်းတွင် ဖယောင်းတိုင်မီးထွန်းထားသော ရောင်စုံမီးကြာပန်းများ ချည်နှောင်လျက် ဘုရားမီး ပူဇော်ကြသည်။ မီးပဒေသာပင်ကို လူနှစ်ဆယ်ဝန်းကျင်က ထမ်းပိုးပြီး အိုးစည်ဗုံမောင်းများတီးလျက် တပျော်တပါးကခုန်ကြသည်။ မြို့ပြများတွင်မူ မီးပဒေသာပင် အမြင့်များဖြင့် လှည့်လည်ပူဇော်ခြင်းမပြုပဲ မီးကြာပွင့် သို့မဟုတ် ရောင်စုံမီးပုံး တစ်ခုနစ်ခုကို ကုက္ကားသဏ္ဌာန်ဝါးတံတွင် ချည်နှောင်ကာ အတန်းလိုက် လှည့်လည်ပူဇော်မှု ပြုကြသည်။

အချက်တိုများ Paper Lantern Lighting Ceremonyမီးကြာလှည့်လည်ပွဲ ပွယ်ꩻလေပ်မေႏဗို, တရားဝင်အမည် ...

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာကိုးကွယ်သော ကျေးရွာများတွင်လည်း တန်ဆောင်မုန်းလရောက်တိုင်း မီးကြာလှည့်လည်ပွဲများကို ပြုလုပ်လေ့ရှိသည်။[]

ယောဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ ကျေးလက်အရပ်များတွင်လည်း မီးကြာလှည့်ပွဲကို သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများအတွင်း ကျင်းပကြသည့် အလေ့ရှိသည်။ ဘုရားရှင်အား ရည်မှန်းပူဇော်သော အဆိုပါမီးကြာလှည့်လည်ပွဲအပြင် မီးကြာကိုင် သမီးပျိုများကို သနပ်ခါးပါးတို့ပြီး ကြိုဆိုကြသည့် ဓလေ့လည်းရှိသည်။[]

Remove ads

ဝေါဟာရ ရင်းမြစ်

ပအိုဝ်းဘာသာတွင် ရောင်စုံစက္ကူဖြင့် ပြုလုပ်ထားသော ဖရောင်းတိုင်ထည့် ထွန်းညှိရသည့် မီးပုံးငယ်ကို မေႏဗိုဟုခေါ်ပြီး မြန်မာဘာသာတွင် ပန်းကြာပွင့်မီးပုံးဟု အဓိပ္ပါယ်ရသည်။ မီးကြာဟု အလွယ်ခေါ်ကြပြီး မီးကြာကို ဝါးတံတွင် ကြိုးနှင့်ချည်၍ ကျောင်းကန်ဘုရား ပရဝုဏ်အတွင်း လက်ယာရစ် လှည့်လည်ပူဇော်ခြင်းကို မီးကြာလှည့်လည်ပွဲဟု ခေါ်ကြသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads