မောင်နီမှိုင်း(ကျောက်တန်း)

From Wikipedia, the free encyclopedia

Remove ads

မောင်နီမှိုင်း(ကျောက်တန်း)(၁၉၅၇ ဩဂုတ် ၂ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်သည်။

အချက်တိုများ မောင်နီမှိုင်း(ကျောက်တန်း), မွေးဖွား ...

အမည်ရင်းမှာ ဦးသောင်းဝင်း ဖြစ်သည်။ ဖခင် ဦးသာဇီ၊ မိခင် ဒေါ်တင်ညိုတို့မှ ၁၉၅၇ ခုနှစ်၊ ဩဂုတ်လ (၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၁)ယောက်အနက် (၆)ယောက်မြောက် သားဖြစ်သည်။

ငယ်စဉ်က အမက(ကန်ပြောင်)၊ အလက(ပျဉ်းမကန်)၊ အထက(၁) (သန်လျင်)နှင့် အထက(ကျောက်တန်း)တို့တွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှာပင် ဖလင်စတားစာ‌စောင်တွင် ကဗျာများစတင်ရေးသားခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့၊ တပ်မတော်နေ့ နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ (ကဗျာပြိုင်ပွဲ)များတွင် ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆု (၁၂)ကြိမ်၊ ဝတ္ထုတို အထူးဆု (၁)ကြိမ် ရရှိခဲ့သည်။

"အမေနေတဲ့ရွာကလေးနှင့် အခြားကဗျာများ" ဖြင့် ၂၀၀၇ခုနှစ်၊ စာပေဗိမာန်စာမူဆု (ကဗျာပေါင်းချုပ်) တတိယ []၊ "အဖေမသေပါနှင့် အဖြူရောင်သစ္စာကဗျာများ" ဖြင့် ၂၀၁၁ ခုနှစ်၊ ပခုက္ကူ ဦးအုံးဖေ စာပေဆု (ကဗျာပေါင်းချုပ်) တတိယ[]၊ "ဇာတိပုည ဂုဏ်မာန - ဇာတိမာန်၊ ဘဝ၊ ရသကဗျာများ" ဖြင့် ဒုတိယအကြိမ် စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲ (ကဗျာပေါင်းချုပ်-စာမူ) ၂၀၁၉ခုနှစ်တွင် အထူးဆု (၁) စသည့် စာပေဆုများ ရရှိခဲ့သည်။

စာပေတာဝန်များအဖြစ် ကျောက်တန်းမြို့နယ်၊ မြို့နယ်စာရေးဆရာအသင်း၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(နာယက၊ ကျောက်တန်းမြို့နယ်)အဖြစ်လည်းကောင်း ယနေ့တိုင် ထမ်းဆောင်လျက်ရှိပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။

စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် အငယ်တန်းစာရေးအဖြစ် အမှုထမ်းခဲ့ပြီး အငြိမ်းစားယူခဲ့ပြီး ကျောက်တန်းမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်မိရပ်ဖတစ်ဦးအနေဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ ကဗျာ၊ စာပေများကို ဆက်လက်ရေးသားလျက်ရှိပြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသည်။

၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတို့တွင် ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ [] အဖြစ် (၂)ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ ည (၈)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် (၄၄)မြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အတူ ခေါ်ယူထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads