မြင့်သိန်း (ရန်ကုန်တက္ကသိုလ်)
From Wikipedia, the free encyclopedia
Remove ads
မြင့်သိန်း (ရန်ကုန်တက္ကသိုလ်)
၁၉၅၃ ခုနှစ်တွင် အဖ ဦးထွန်းငွေ၊ အမိ ဒေါ်ခင်ရွှေတို့က ကညွှတ်ကွင်းမြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မြင့်သိန်း ဖြစ်သည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူဖြစ်သည်။
အခြေခံပညာကို ကညွှတ်ကွင်း အထက်တန်းကျောင်းတွင် သင်ယူခဲ့ပြီး အထက်တန်း ပညာကို ဒဂုံ (၂) မြို့မကျောင်း တွင် သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် သမိုင်းဘာသာဖြင့် မဟာဝိဇ္ဇာ (အထူးအောင်) အောင်မြင်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ် တို့တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယခုအခါ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကာ သုတေသန လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။
အလျဉ်းသင့်သည့် အခါတိုင်း သုတေသန ဆောင်းပါးများကို သုတေသန ဂျာနယ်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားလျက် ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads