မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (အင်္ဂလိပ်: Myanmar Motion Picture Organization) သည် မြန်မာရုပ်ရှင်လောကကို ကိုယ်စားပြုသည့် အကျိုးအမြတ်မယူသည့် တရားဝင် အဖွဲ့အစည်း (non-profit organization) ဖြစ်ပြီး ၁၉၄၆ မတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်သည်။
Remove ads
သမိုင်းကြောင်း
၁၉၄၆ ခုနှစ်တွင် ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံး အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ အဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမည်သို့ ပြောင်းလဲခဲ့သည်။[၁]
ဥက္ကဋ္ဌများ
- ဦးကြည်စိုးထွန်း (၂၀၀၅ -၂၀၀၇)
- ဦးမြင့်သိန်းဖေ (၂၀၀၇ - ၂၀၁၂)
- ဦးဇင်ဝိုင်း (၂၀၁၂ - ၂၀၁၃) (၂၀၁၇ - ၂၀၁၉)
- ဦးလူမင်း (၂၀၁၃ - ၂၀၁၇)
- ဦးညီညီထွန်းလွင် (၂၀၁၉ - ၂၀၂၁)
- ဦးကြည်စိုးထွန်း (၂၀၂၁- ယနေ့ထိ)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads