ယင်းမာပင်ရွာ၊ သာစည်မြို့နယ်

From Wikipedia, the free encyclopedia

ယင်းမာပင်ရွာ၊ သာစည်မြို့နယ်map
Remove ads

ယင်းမာပင် သည် မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင် ရှိသော ရွာဖြစ်သည်။ သာစည်-ကလောလမ်းဘေး၌ ရှိပြီး သာစည်ဘက်တွင် ဘုရားငါးဆူရွာ၊ ကလောဘက်တွင် ရေပေါင်းဆုံရွာတို့၏ ကြားရွာဖြစ်သည်။ ဘူတာရုံ ရှိသည်။

အချက်တိုများ ယင်းမာပင်ရွာ, နိုင်ငံ ...
Remove ads

အုပ်ချုပ်ရေး

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူသည်။ သာစည်လက်အောက်ခံ ရဲစခန်း ၁ ခုလည်း ရှိသည်။

စီးပွားရေး

ယင်းမာပင် သစ်တောကြိုးဝိုင်းတွင် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်စက်တည်ရာမှ ရွာဖြစ်လာခြင်း ဖြစ်သည်။ သစ်ထုတ်လုပ်ငန်းကို အဓိကလုပ်ကိုင်သည်။

တောင်ကြီး-မန္တလေး၊ တောင်ကြီး-မိတ္ထီလာ၊ တောင်ကြီး-ရန်ကုန် ခရီးသည်တင်ကားများ၏ တထောက်နားရပ် ဖြစ်သဖြင့် စားသောက်ဆိုင်လုပ်ငန်းလည်း ထွန်းကားသည်။

ဘာသာရေး

အစ္စလာမ်ဘုရားရှိခိုးကျောင်း ၁ ခု၊ ဗမာ ဘုန်းကြီးကျောင်း ၁ ကျောင်း ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads