သာစည်မြို့နယ်
မန္တလေးတိုင်းအတွင်းရှိမြို့နယ် From Wikipedia, the free encyclopedia
Remove ads
သာစည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ သာစည်မြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ပုဂံခေတ် အနော်ရထာမင်း လက်ထက်က ရှမ်းပြည်နယ်နှင့် ဆက်စပ်နေသော သာဂရ၊ လှိုင်းတက်နှင့် ညောင်ရမ်းတို့ကို ကင်းစောင့်မြို့အဖြစ်ထားကာ မင်းညီမင်းသားများ ထား၍ အုပ်ချုပ်စေခဲ့သည်။၁၈၈၆ခုနှစ်တွင် မြို့အုပ်အဖြစ် လှိုင်းတက်တွင်ထားကာ အုပ်ချုပ်ခဲ့ပြီးနောက် ၁၈၈၇တွင် သာစည်မြို့အဖြစ် သတ်မှတ်ကာ အုပ်ချုပ်စေခဲ့သည်။၂၈.၂.၁၉၇၃တွင် သာစည်မြို့နယ်ကို သတ်မှတ်ခဲ့သည်။[၂]
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၃၀မိနစ်နှင့် ၂၁ဒီဂရီ ၀၅မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၂၅မိနစ်နှင့် ၉၆ဒီဂရီ ၃၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄၆.၄မိုင်၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၇၈၇.၆၁စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
သာစည်မြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ကေလာမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်၊အနောက်ဘက်တွင် မိတ္ထီလာမြို့နယ်၊ မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၇၀၀အထက်တွင် တည်ရှိသည်။မြို့နယ်၏ အရှေ့ဘက်သည် ရှမ်းရိုးမတောင်တန်းဖြစ်ကာ သစ်တောများဖုံးနေပြီး အနောက်ခြမ်းသည် မြေပြန့်လွင်ပြင်ဖြစ်သည်။ မြို့နယ်အတွင်း မြစ်ချောင်းများစီးဆင်းမှု နည်းပါးသည်။ ထင်ရှားသောချောင်းမှာ စမုံချောင်းဖြစ်သည်။
Remove ads
လူဦးရေ
သာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ကချင်၊ရခိုင်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူနှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၀၄၅%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် အိန္ဒိယနှင့် အခြားစသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
သာစည်မြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးသောမြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည်။ နိုင်ငံ့ဝန်ထမ်းနှင့် ကျပန်းအလုပ်များလည်း လုပ်ကိုင်ကြသည်။ လူနည်းစုမှာ စက်ယက္ကန်းကို စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ငရုပ်ခြောက်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချသည်။ ထိုဒေသများမှ ဆောက်လုပ်ရေးပစ္စည်း၊ ရေထွက်ကုန်ပစ္စည်းနှင့် အဝတ်အထည်များ ပြန်လည် တင်သွင်းသည်။ တပ်မတော်ပိုင် ဖိနပ်စက်ရုံ၊တပ်မတော်ပိုင် မိုးရေကာဖျင်စက်ရုံနှင့် ပုဂ္ဂလိကစက်ရုံ၄ရုံ၊ နိုင်ငံပိုင်အလုပ်ရုံ ၁၄ရုံ၊ပုဂ္ဂလိကအလုပ်ရုံ ၄ရုံနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၃၉၄ခု တည်ရှိသည်။
ဈေးများ
- သာစည်မြို့မဈေး
- လှိုင်းတက်ဈေး
- ယင်းမာပင်ဈေး
- ဘုရားငါးဆူဈေး
- ညောင်ရမ်းဈေး
- ဟံဇားဈေး
- ပြပြည်ညောင်ဈေး
- ကုက္ကိုကန်ဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
သာစည်မြို့နယ်သည် ရန်ကုန်၊မန္တလေးဒေသများသို့ ကားလမ်း၊ရထားလမ်းသာမက ရှမ်းပြည်နယ်သို့ဆက်သွယ်သော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်တွင် တည်ရှိခြင်း၊ ရှမ်းပြည်နှင့် ကယားပြည်နယ်များသို့ ရထားလမ်းများရှိခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောမြို့နယ်ဖြစ်သည်။
ပညာရေး
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ဟံဇား
- အထက ညောင်ရမ်း
- အထက မယ်ဇလီကန်
- အထက တကစ၂
- အထက မြေစို
- အထက သာဂရ
- အထက ယင်းမာပင်
- အထက ရွှေလှံ
- အထက ရွှေတုပ်ကုန်း
- အထက ပြည်ညောင်
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) ရွာကြီး
- အလက (ထ(ခွဲ)) တမာကုန်း
- အလက (ထ(ခွဲ)) ဘုရားငါးဆူ
- အလက (ထ(ခွဲ)) ပေါင်တော
- အလက (ထ(ခွဲ)) ဟင်းခွက်အိုင်
- အလက(ထ(ခွဲ))ကြာဘက်ကုန်း
- အလက ကန်ရှည်
- အလက အုတ်တွင်း
- အလက မြောင်းဦး
- အလက အလယ်ကန်
- အလက မရွေး
- အလက သဲကုန်း
- အလက သပြေဝ
- အလက ကန့်ဖြူ
- အလက ရောက်ရိုး
- အလက ထနောင်းကန်
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၈၉ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
- သာစည်မြို့နယ်ဆေးရုံ
- ညောင်ရမ်းဆေးရုံ
- ယင်းမာပင်ဆေးရုံ
- ဟံဇားဆေးရုံ
ထင်ရှားသောနေရာများ
- ရွှေယင်မျှော်ဘုရား
- ရွှေဂူကြီးဘုရား
- သတ္တဌာန ငါးဆူရိပ်သာ
- ကုန်းတောင်းသိမ်
- အောင်ချမ်းသာ
အထင်ကရာပုဂ္ဂိုလ်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads