ယူးထရက်မြို့
From Wikipedia, the free encyclopedia
Remove ads

ဥရောပတိုက်၌ ထင်ရှားသော စာချုပ်တစ်ရပ်ကို ၁၇၁၃ ခုနှစ်တွင် ထိုမြို့၌ ချုပ်ဆိုခဲ့သည်။ ထိုမြို့ရှိ တက္ကသိုလ် ကျောင်းသည် နယ်သာလန်နိုင်ငံတွင် ထင်ရှားသော တက္ကသိုလ်ကျောင်း ဖြစ်သည်။
ယူးထရက်မြို့သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့
အရှေ့တောင်ဘက် ၂၂ မိုင်ကွာ၌ တည်ရှိ၍ ဒပ်ချ် ရှေးဟောင်းမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံသမိုင်းတွင် အရေးပါအရာရောက်သော မြို့လည်း ဖြစ်သည်။ ၁၅၇၉ ခုနှစ်တွင် စပိန်
အစိုးရလက်အောက်ခံ နယ်သာလန်မြောက်ပိုင်းပြည်နယ် ခုနစ်နယ်တို့သည် ယူးထရက်ပြည်ထောင်စုဟူ၍ ပေါင်းစည်းပြီးလျှင်
စပိန်အစိုးရကို တော်လှန်ခဲ့ကြသည်။ ယူးထရက်ပြည်ထောင်စုမှ နယ်သာလန်နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်။ ဥရောပ
သမိုင်း၌ ထင်ရှားသော ယူးထရက်စာချုပ်ကို ၁၇၁၃ ခုနှစ်တွင်
ဤမြို့၌ ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ စပိန်ထီးနန်း ဆက်ခံ
ရေးစစ်ပွဲသည် ပြီးဆုံးခဲ့ရလေသည်။
ယူးထရက်မြို့တွင် လှပသောပန်းခြံများနှင့် ကျယ်ပြန့်သော လမ်းများ ရှိ၏။ ယူးထရက်မြို့ကို ဖြတ်၍ တူးမြောင်းနှစ်ခု ဖောက်လုပ်ထား၏။ ထိုတူးမြောင်းများကို ဖြတ်ကျော်ရန် တံတားပေါင်း ၉ဝ ကျော် ရှိသည်။ ထို့ကြောင့်လည်း ယူးထရက်မြို့ကို တံတားပေါသောမြို့ဟု ခေါ်စမှတ်ပြုကြ သည်။ ရေလမ်း၊ မီးရထားလမ်းအဆက်အသွယ်ကောင်းသဖြင့် ယူးထရက်မြို့သည် ကုန်သွယ်ရေးအချက်အချာမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ မီးရထားလမ်းဆုံမြို့ကြီးလည်း ဖြစ်သည်။ ယူးထရက်မြို့ရှိ စက်မှုလုပ်ငန်းများမှာ သစ်စက်များ၊ စက်ကိရိယာအလုပ်ရုံများ၊ ဘီယာချက်စက်ရုံများနှင့် ကတ္တီပါ၊ ခြည်ထည်၊ ကော်ဇော၊ လင်နင်ပိတ်ချော၊ တူရိယာ စသည် ထုတ်လုပ်သည့် စက်ရုံများ ဖြစ်သည်။
မြို့လယ်တွင် ၁၅ ရာစုနှစ်၌ ဆောက်လုပ်ပြီးစီးသော ဂေါ့သပုံစံ ကသီဒရယ် ဘုရားရှိခိုးကျောင်း ရှိသည်။ ထိုဘုရား ကျောင်းသည် နယ်သာလန်နိုင်ငံတွင် ထင်ရှားသော တက္ကသိုလ် ကျောင်း ဖြစ်လေသည်။ ထိုတက္ကသိုလ်ကျောင်းကို ၁၆၃၆ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည်။
လူဦးရေးမှာ ၁၉၆၅ ခုနှစ်တွင် ၂၆၇ဝဝဝ ယောက်ခန့် ရှိလေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
