ရွှေအိမ်သည်

From Wikipedia, the free encyclopedia

Remove ads

ရွှေအိမ်သည် (ရွှေအိမ်စည် ဟုလည်း သိကြ) သည် ပုဂံခေတ်မှ နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်ပြီး အလောင်းစည်သူ၏ မိခင်ဖြစ်သည်။[][]:156

အချက်တိုများ ရွှေအိမ်သည်, မွေးဖွား ...

ပညာတက်၍ ဉာဏ်ရည်ထက်မြက်ကာ ခမည်းတော် ကျန်စစ်သားစကားကို တသွေမတိမ်း နာ‌ခံသော သမီးတော် ရွှေအိမ်စည်ကို ကျန်စစ်သားမင်းကြီးက ပုဂံဆိပ်ကမ်း အကောက်ခွန်များကို ကြီးကြပ်ရသော ရာထူးတာဝန် ထမ်းရွက်စေပြီး တြေလောကစူဠာမဏိဒေဝီ ဘွဲ့ ‌ေးသနား‌တော် မူသည်။ [][]

ရွှေအိမ်သည်မင်းသမီးသည် ပဋိက္ခရား အမည်ရှိသော နိုင်ငံခြားသား မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်ဟု ရာဇဝင်တွင် ဆိုကြသည်။[] ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သား နန်းတက်ပြီးနောက် ပုဂံပြည်သို့ အလည်လာရောက်သော မင်းသားတစ်ပါးနှင့် ချစ်ကြိုက်ခဲ့သော်လည်း ဖခင် ကျန်စစ်သား သဘောမတူခဲ့သည့်အတွက် လက်မဆက်ဖြစ်ဘဲ စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် လက်ဆက်ပေးခဲ့ရာ ခမည်းတော် စကား မြေဝယ်မကျ နာခံသူ ရွှေအိမ်စည်ကလည်း လက်ခံကာ လက်ထပ်ခဲ့သည်ဟု ယူဆကြသည်။[][]

စောယွန်းနှင့် သားနှစ်ဦး ထွန်းကားခဲ့ပြီး စိုးဆိုင်နှင့် စည်သူ တို့ဖြစ်ကြသည်။

Remove ads

ရွှေအိမ်စည် နှစ်ဦး

သမိုင်းတွင် ရွှေအိမ်စည် အမည်တူ မင်းသမီးနှစ်ဦးရှိရာ ပထမတဦးမှာ ယခု မင်းသမီးဖြစ်သည်။

ဒုတိယတဦးမှာ နရပတိစည်သူ နှင့် မိဘုရား စောစနေတို့၏ သမီးတော်၊ ပုသိမ်မြို့စား နာဂသမန်း နှင့်အကြောင်းပါသူဖြစ်သည်။ []

မှတ်စု

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads