ရှင်ပင်သာလျောင်း
From Wikipedia, the free encyclopedia
Remove ads
ရှင်ပင်သာလျောင်း လိုဏ်ဂူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ရွှေဆံတော်စေတီ အနီး အနောက်တောင်ဘက်ယွန်းယွန်းတွင် တည်ရှိသည်။

- စေတီပုထိုးအမှတ်=၁၅၇၀
ဗိသုကာ လက်ရာများ
ရှင်ပင်သာလျောင်းလိုဏ်ဂူသည် ထောင့်မှန် စတုဂံပုံ နိမ့်ပျပ်ပျပ် အုတ်အဆောက်အအုံ ဖြစ်၍ ဖြစ်သည်။ အတွင်း၌ ကိန်းအောင်းလျက်ရှိသော ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူဟန် လျောင်းတော်မူ ရုပ်ပွားတော်ကြီးသည် အလျား ပေ ၆၀ ရှိပြီး ပုဂံလျောင်းတော်မူတို့တွင် အကြီးဆုံးဖြစ်သဖြင့် ထူးခြားသည်။ ယင်းမှာ ၁၁ ရာစုက လက်ရာ ဖြစ်သည်။ ပရိနိဗ္ဗာန် စံတော်မူရာတွင် လက်ယာဘက်သို့ စောင်း၍ လက်ယာလက်ပေါ်တွင် ပါးတင်ထားလျက်ရှိသည်။ ဤလျောင်းတော်မူ၏ ထူးခြားချက်မှာ မြောက်ဘက်သို့ မဟုတ်ပဲ တောင်ဘက်သို့ ဦးခေါင်းမူထားခြင်း ဖြစ်သည်။ ဤသို့ တည်ထားခြင်းမှာ အရှေ့ဘက်တွင်ရှိသော ရွှေဆံတော်စေတီကို မျက်နှာမူနေစေရန် ဖြစ်ဟန်တူသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads