လန်ကာဝီကျွန်း
မလေးရှာ၏ခရိုင်တစ်ခု From Wikipedia, the free encyclopedia
Remove ads
လန်ကာဝီ (တရားဝင် အမည်အားဖြင့် "လန်ကာဝီ၊ ကဒါး၏ ရတနာ" သည် မလေးရှားနိုင်ငံရှိ ခရိုင် တစ်ခု နှင့် ကျွန်းပေါင်း ၉၉ ကျွန်းပါဝင်သော (ကျွန်း ၅ ခုခန့်မှာ ရေကျချိန်တွင်သာ မြင်နိုင်သည်) ကပ္ပလီပင်လယ် အတွင်းမျ ကျွန်းစု တစ်ခု ဖြစ်ကာ မလေးရှားနိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှ ၃၃ ကီလိုမီတာ အကွာ ကမ်းလွန် တွင် တည်ရှိသည်။ ထိုင်းနိုင်ငံ နယ်နိမိတ် နှင့် ကပ်လျက် ရှိသော ကဒါးပြည်နယ်တွင် ပါဝင်သည်။ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၅ တွင် ကဒါးစူလတန် အဘဒူ ဟာလင်းမှ ရွှေရတုပွဲကျင်းပခြင်း နှင့် အတူ မြို့အမည်အား "လန်ကာဝီ၊ ကဒါး၏ ရတနာ" ဟု ပြောင်းလဲခြင်းကို ခွင့်ပြုခဲ့သည်။ ကျွန်းများထဲတွင် အကြီးဆုံးကျွန်းကို လန်ကာဝီကျွန်းဟု ခေါ်ကြပြီး လူဦးရေ ၆၄, ၇၉၂ ဦး ရှိကာ အနီးအနားရှိ လူနေထိုင်သော အခြားကျွန်းမှာ တစ်ကျွန်းတည်းရှိပြီး ထိုကျွန်းမှာ တူဘားကျွန်း ဖြစ်သည်။
လန်ကာဝီသည် အုပ်ချုပ်ရေး ခရိုင်တစ်ခု လည်း ဖြစ်ပြီး အကြီးဆုံးမြို့မှာ ကွားမြို့ ဖြစ်သည်။ ပန်တိုင်း စီနန် သည် လန်ကာဝီရှိ ရေပန်းအစားဆုံး ကမ်းခြေနှင့် ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာတစ်ခု ဖြစ်ကာ နှစ်စဉ် လူ ၁ သောင်းကျော် လာရောက် လည်ပတ်ကြသည်။[၁]
လန်ကာဝီသည် အကောက်ခွန်မဲ့ ကျွန်းတစ်ကျွန်း ဖြစ်သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads