လားရှိုးသိန်းအောင်
From Wikipedia, the free encyclopedia
Remove ads
လားရှိုးသိန်းအောင် (၁၉၄၆ -၂၀၁၈)သည် မြန်မာအမျိုးသား အဆိုတော် တစ်ဦး ဖြစ်ပြီး တချို့က ဂျင်မီဂျက်ဟုလည်း ခေါ်ကြသည်။ စတူဒီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တခေတ်တခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ သီချင်းတွေ ရှိနေဆဲ ဖြစ်သည်။
လားရှိုးသိန်းအောင်ကို ၁၉၄၆-ခုနှစ်၊ ရှမ်းပြည်နယ် လားရှိုးမြို့၌ မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည်။[၁] လားရှိုးသိန်းအောင်သည် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ဦးနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သား နှစ်ယောက်ရှိသည်။[၂] လားရှိုးသိန်းအောင် သည် မြန်မာပြည်မှ ထွက်ခွါသွားပြီးနောက် နှစ်ပေါင်း ၄၀ ကျော်အကြာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင်မှ ဦးသိန်းစိန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ တကိုယ်တော်ရှိုး ပြုလုပ်ခဲ့ပြီး အဆိုပါ ရှိုးပွဲဟာ သူ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အကြာမှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲလည်း ဖြစ်ပါသည်။[၃]
Remove ads
သီဆိုခဲ့သောသီချင်းများ
{{columns-list|2|
- ကြွေရုပ်ကလေးနဲ့ ဒုတိယလူ
 - ကိုယ်ပြန်သွားပြီ
 - ခင့်အတွက်ဆို
 - ချစ်ခြင်း မုန်းခြင်း
 - ချစ်သူညနေ မောင့် ညနေ
 - ငါလည်း မင်းလိုပဲ
 - ငှက်ငယ် အလား ကိုယ့် အမှား
 - ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းချစ်
 - စပါယ်နန်း
 - စက်ခေါင်းအမှတ် ၀၀၉
 - ဆည်းဆာ အလှနဲ့ ကိုယ့်ဘ၀
 - တဆင့်စကား တဆင့်နား
 - တပါတ်ရစ်
 - တစ်ပတ်လောက် လျှော့ပါဦး
 - တစ် နှစ် သုံး လေး
 - တစ်နှစ်မြောက်တဲ့ နေ့
 - တောင်ကြီး ဧည့်သည်
 - ဒီနေရာလေး
 - ဒီတစ်ခါ ဘာရေး မလဲ
 - ဒီလို မလုပ်နဲ့
 - ဓာတ်ပုံလေး တစ်ပုံ
 - နန်းလေး
 - နူတ်မဆက်နဲ့ ငိုချင်တယ်
 - ပါလေရာ နဲ့ လက်ကရွန်ခြာ
 - ပန်းဘုရင်မလေး
 - ပြောပါရစေ နန်းလေး
 - ဘ၀သစ္စာ ဆိုလေဦး
 - ဘာဖြစ်တာလဲ
 - ဘယ်လိုလဲ မချော
 - မငိုနဲ့တော့နှော်
 - မေတ္တာ သတ္တိ မရှိဘူး
 - မင်းတို့ အကြောင်း မဟုတ်ဘူး
 - မြင်တာလေးတော့ ပြောမယ်
 - မသိလို့ မခင်လို့ လား
 - မယုံ မရှိနဲ့
 - မင်း မ ရှိ ရင်
 - မုန်းမုန်း မေ့မေ့
 - မုန်းမုန်း မေ့မေ့ (စုံတွဲ)
 - မိန်းကလေး ထဲက မိန်းကလေး
 - မီးမီး ငယ်လွန်းလို့
 - မျက်နှာပေါက်ဆိုးဆိုး သဘောကောင်းကောင်း
 - ယောက်ျားမျက်ရည်
 - ရထားဥဩ သံနဲ့ အတူ
 - ရှေ့တန်းပြန်
 - လွမ်းဘွယ်
 - လားရှိုး သိန်းအောင်
 - ဝေးရပ်မှာ မလွမ်းစေချင်
 - သတိရနေသူ
 - သေသည့်တိုင် လူပျိုပဲလား
 - သူ့အပြောလေး နဲ့ သူ့ပုံပြင်
 - အမေတခု သားတခု
 - အချစ်ဆုံး နဲ့ သူငယ်ချင်း
 - အပြိုင် အဆိုင်ဖူးစာ
 - အရှိကို အရှိအတိုင်း
 - အချစ်ပျောက် မ လေး သို့
 - အမေဒေါ်စုပြန်လာပြီ
 
Remove ads
ဘဝနိဂုံး
၂၀၁၈-ခု၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့တွင် ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂-နှစ် ရှိပြီ ဖြစ်သည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads