လေးကျွန်းစကြာရပ်တော်မူ

From Wikipedia, the free encyclopedia

လေးကျွန်းစကြာရပ်တော်မူmap
Remove ads

လေးကျွန်းစင်္ကြာရပ်တော်မူ ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီး သည် ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ဆောင်သည့် ကမ္ဘာ့တတိယ အမြင့်ဆုံး ရုပ်တုဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီးသည် ၂၃ မီတာ(၇၉ ပေ)အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက်အသွင်ဟန်ဖြင့် တည်ရှိပြီး၊ မြန်မာနိုင်ငံမုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်တွင် တည်ရှိသည်။ ၁၉၉၅ ခု၊ မေလ(၈)ရက်၊ နံနက်(၉:ဝဝ)နာရီတွင် ပန္နက်တင်မင်္ဂလာပြုလုပ်ပြီး၊ ၁၉၉၅ ခု၊ ဩဂုတ်လ(၈)ရက်၊ နံနက် (၈:၂ဝ)နာရီတွင် အုတ်မြစ်စီမင်္ဂလာပြုလုပ်ခဲ့သည်။ ၂ဝဝ၈ ခု၊ ဖေဖော်ဝါရီလ (၂ဝ)ရက်၊ နံနက်(၇:၃ဝ)နာရီတွင် သံဃာတော်အပါးတစ်ထောင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည်။ [] ကမ္ဘာ့အံ့ချီးဖွယ် လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို မဟာဗောဓိတထောင်သာသနာ့နယ်မြေ စတင်ထူထောင်တော်မူသော မဟာဗောဓိတထောင်ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာရဒမထေရ် စတင်တည်ထားကိုးကွယ်တော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးမှာ ၂ဝဝ၆ ခု၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

အချက်တိုများ ကိုဩဒိနိတ်, တည်နေရာ ...
Remove ads

အချက်အလက်များ

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီး သည် ကမ္ဘ့ာ တတိယအမြင့်ဆုံးရုပ်တုဖြစ်သည်။ ရုပ်ပွားတော်အမြင့် ၁၁၆ မီတာ (၃၈၁ ပေ) ၊ ပလ္လင်တော်အမြင့် ၂၃ မီတာ (၇၅ ပေ) နှင့် လှေကားအားလုံးအမြင့် ၃၃ မီတာ( ၁၀၉ ပေ) စုစုပေါင်း ၁၈၅ မီတာ ( ၆၁၂ ပေ ) ရှိသည်။ အနောက်ဘက် ၆၉၈.၈၇ ပေ (၂၁၃.၀၁ မီတာ) တွင် ဗောဓိတထောင် လျောင်းတော်မူ မြတ်စွာဘုရား ရှိပြီး အနောက်ဘက် ၁,၆၉၄.၈၀ ပေ (၅၁၆.၅၈ မီတာ) တွင် အောင်စကြာစေတီတော်ကြီး ရှိသည်။ မုံရွာမြို့ မှ ၇.၅၀ မိုင် (၁၂.၀၇ ကီလိုမီတာ) ကွာဝေးသည်။ အထပ်ပေါင်း ( ၃၃ ) ထပ်ပါရှိသည်။


Remove ads

ဆက်စပ်ဖတ်ရှုရန်

  1. မဟာဗောဓိတထောင်
  2. မဟာဗောဓိတထောင်ဆရာတော်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads