ဝင်နီပက်မြို့

From Wikipedia, the free encyclopedia

ဝင်နီပက်မြို့
Remove ads
Thumb
ဝင်နီပက်မြို့

ဝင်နီပက်မြို့

ဝင်နီပက်မြို့ (Winnipeg)သည် ကနေဒါနိုင်ငံမနီတိုးဗားပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဝင်နီပက်ကန် တောင်ဘက် ၄၅ မိုင်အကွာတွင် မြစ်နီနှင့် အက်ဆီးနီဗွိုင်းမြစ်တို့ဆုံရာ၌ တည်ရှိသည်။ ဝင်နီပက်မြို့သည် မူလက နယ်စပ်ကုန်သွယ်စခန်းမျှသာဖြစ်သော်လည်း ယခုအခါကနေဒါနိုင်ငံ၌ စတုတ္ထမြို့ကြီး အဆင့်သို့ရောက်ရှိနေသည်။

ထိုကဲ့သို့ ကြီးကျယ်စည်ကားသော မြို့ကြီးအဖြစ်သို့ တိုးတက်လာခဲ့ခြင်းမှာ မြို့၏ပထဝီအနေအထား အချက်ကျခြင်းကြောင့်ဟုဆိုရပေမည်။ ဝင်နီပက်မြို့သည် ဝင်နီပက်ကန်နှင့် ကနေဒါနိုင်ငံ တောင်ဘက်နယ်နိမိတ်အကြား အလယ်ဗဟို၌တည်ရှိသည့်အပြင် ပရေရီလွင်ပြင်ဒေသမှ ထွက်ကုန်များ ကိုလည်းကောင်း၊ အရှေ့ပိုင်းဒေသမှ ထွက်ကုန်များကိုလည်းကောင်း ထိုမြို့က တစ်ဆင့် ဖြန့်ချိရောင်းချရလေသည်။ ကနေဒီယန်ပစိဖိတ် မီးရထားလမ်း၊ ကနေဒီယန် နေရှင်နယ်မီးရထားလမ်းနှင့် အမေရိကန်ပြည်ထောင်စုမှ မီးရထားလမ်းတို့ဆုံရာ ဌာနလည်းဖြစ်ခြင်းကြောင့် ကနေဒါနိုင်ငံတွင် အကြီးဆုံး မီးရထားလမ်း ဗဟိုအချက်အချာဌာနဖြစ်သည်။ လေကြောင်းခရီး လမ်းဆုံလည်းဖြစ်သည်။

ဝင်နီပက်မြို့သည် ကနေဒါနိုင်ငံ၌ရှိသော ဂျုံစပါးထွက်ရာ ဒေသအတွက် တံခါးပေါက်သဖွယ်ဖြစ်၍ ဂျုံစပါးသိုလှောင်ခြင်း၊ ဂျုံမှုန့်ကြိတ်ခြင်း နှင့် တင်ပို့ရောင်းချခြင်း၌ ဗဟိုအချက်အချာဌာနဖြစ်သည်။ ထို့ပြင် အမဲသား စည်သွတ်လုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်း၊ ထွန်ယက်စက်ကိရိယာလုပ်ငန်း၊ သစ်လုပ်ငန်း၊ သားရေလုပ်ငန်းတို့သည်လည်း ထင်ရှားသော စက်မှု လုပ်ငန်း များဖြစ်သည်။ မြို့အတွက် ရေကို ဝုရေအိုင်မှ မိုင် ၁ဝဝ ကျော်ရှည်သော ရေသွယ်ပြွန်ဖြင့် သွယ်ယူရရှိသည်။

ဝင်နီပက်မြို့ရှိ လမ်းမကြီးများတွင်ကျယ်၍ ဖြောင့်တန်းသည်။ လမ်းဘေးတစ်လျှောက်၌ သစ်ပင်များကို အစီအရီစိုက်ပျိုးထားသည်။ အပန်းဖြေရန်အတွက် ပန်းဥယျာဉ်နှင့် ကစားကွင်းများစွာရှိသည်။ မနီတိုးဗား တက္ကသိုလ်ကြီးလည်းတည်ရှိသည်။ ဝင်နီပက်မြို့တွင် လူဦးရေ ၂၆၅၄၂၉ ခန့် (၁၉၆၃) ရှိလေသည်။ ဝင်နီပက်မြို့ တည်ရာအရပ်တွင် ဖို့ရုတ်ခေါ် သားမွေးကုန်သွယ်စခန်းကို ၁၇၃၈ ခုနှစ်၌ စတင်ဖွင့်ခဲ့ကြသည်။ တစ်ဖန် ၁၈၁၂ ခုနှစ်မှ ၁၈၇၃ခုနှစ်အထိ ဖို့ဂယ်ရီဟုအမည်တွင်လေသည်။ ၁၈၇၃ ခုနှစ်တွင် ဝင်နီပက်အိုင် အမည်ကိုယူ၍ ဝင်နီပက်မြို့ဟု အမည်သစ်ဖြင့် ခေါ်တွင်ခဲ့ကြလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads