ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့

From Wikipedia, the free encyclopedia

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့
Remove ads

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးပြည်သူ့စစ်တပ်ဖွဲ့တစ်ခုဖြစ်သည်။ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း) နှင့် ပို၍ဆက်စပ်မှုရှိသည်။ ကချင်ပြည်နယ်ဒေသများအတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။၂၀၂၁ နောက်ပိုင်း အင်အားပိုမိုကြီးထွားလာသည်။ကချင်လွတ်မြောက်ရေးတပ် (KIA) ကို အဓိကထား တိုက်ခိုက်သည်။ []

အချက်တိုများ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့, တည်ထောင် ...
Remove ads

ဖွဲ့စည်းပုံ

ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှာ တပ်မတော် (ကြည်း) ဖွဲ့စည်းပုံကို အတုယူကာစုဖွဲ့ထားရှိသည်။[] [] တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်စသည်မှစ၍ စစ်ကြောင်းမှူး၊ တပ်ဖွဲ့မှူးအထိ ဖွဲ့စည်းထားသည်။

ကွပ်ကဲမှု

ကွပ်ကဲမှုသည်လည်း တပ်မတော်ကွပ်ကဲမှုအတိုင်း နမူနာယူဆောင်ရွက်ကြသည်။ တပ်ဖွဲ့မှူးမှဒုတပ်ဖွဲ့မှူး ဒုတပ်ဖွဲ့မှူး စစ်ကြောင်းမှူး စသဖြင့်အဆင့်ဆင့်ကွပ်ကဲသည်။

စစ်ရေးအခြေအနေ

၂၀၂၂ ခုနှစ် ဧပြီ ၃ရက်နေ့ကစပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ၏ စစ်ရေးလှုပ်ရှားမှုများကို တယ်လီဂရမ် စာမျက်နှာမှတဆင့် ထုတ်ပြန်မှုများ စတင်ပြုလုပ်သည်။၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာ ရှိ ဦးမင်းဇေသန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၂ ၊ အမှတ် ၁၄ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဝါရာဇွပ်ပြည်သူ့စစ် စစ်ဦးစီးချုပ်၏ ညီ ဒူးလေးပါတီခေါင်းဆောင် ဦးရွှေမင်း၏ သမက် ဒုတိယစစ်ဦးစီးချုပ် ဦးညီဇော်ရှိန်း အပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်။[] []


‌အခြားလေ့လာရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads