ဝိပဿီဘုရား
From Wikipedia, the free encyclopedia
Remove ads
- ဝိပဿီမြတ်စွာဘုရားသည် ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် ၉၁-ခုမြောက်ကမ္ဘာ၌ ပွင့်တော်မူသည်။ [၁]
- ဒီပင်္ကရာစသော ဘုရား ၂၄-ဆူတို့တွင် ၁၉-ဆူမြောက်ဖြစ်၏။ [၂]
- ဝိပဿီမြတ်စွာဘုရားသည် မင်းမျိုး-ကောဏ္ဍညအနွယ်ဖြစ်၏။ [၃]
- ဝိပဿီမြတ်စွာဘုရား၏ ဖွားတော်မူရာမြို့တော်မှာ ဗန္ဓုမတီနေပြည်တော်ဖြစ်၍ ခမည်းတော်မှာ ဗန္ဓုမမင်းကြီး, မယ်တော်မှာ ဗန္ဓုမတီမိဖုရားကြီးတို့ ဖြစ်ကုန်၏။ [၄]
- ထီးနန်းအုပ်ချုပ် မင်းလုပ်သောနှစ်ပေါင်းမှာ (၈၀၀၀) ရှစ်ထောင်ဖြစ်၍ ရွှေနန်းတော်တို့မှာ နန္ဒရွှေနန်းဆောင်, သုနန္ဒရွှေန်းဆောင်, သိရီမာရွှေနန်းဆောင်တို့ ဖြစ်ကြကုန်၏။ [၅]
- အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမ ပေါင်း(၁၂၀၀၀၀) တစ်သိန်း နှစ်သောင်းအခြံအရံရှိသည့် သုဒဿနာဒေဝီ (သုတနုဒေဝီ) မိဖုရားကြီးဖြစ်၍ သားတော်မှာ သမဝဋ္ဋက္ခန္ဓ မင်းသားဖြစ်၏။ [၆]
- နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်မူသောယာဉ်မှာ အာဇာနည်းမြင်း ကသောရထားယာဉ်ဖြစ်၍၊ [၇]
- နှစ်လကြာ ဒုက္ကရ စရိယာ ကျင့်တော်မူရ၏။ [၈]
- အဂ္ဂသာဝကအစုံမှာ ခဏ္ဍမထေရ်နှင့် တိဿမထေရ်တို့ဖြစ်ကြ၏။ [၉]
- အလုပ်အကျွေးထေရ်မှာ အသောကထေရ်ဖြစ်၏။ [၁၀]
- အဂ္ဂသာဝိကာအစုံမှာ စန္ဒာထေရီမနှင့် စန္ဒမိတ္တာထေရီမတို့ဖြစ်ကြ၍၊ ပွင့်တော်မူရာ ဗောဓိမှာ သခွတ်ပင်ဗောဓိ ဖြစ်လေသည်။ [၁၁]
- မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ ပုနဗ္ဗသုမိတ္တသူဌေးနှင့် နာဂ သူဌေးတို့ဖြစ်ကြ၍၊ မြတ်သောအလုပ် အကျွေးဒါယိကာမတို့မှာ သိရီမာဥပါသိကာမ နှင့်ဥတ္တရာဥပါသိကာမတို့ဖြစ်ကြ၏။ [၁၂]
- ဝိပဿီမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင် (၈၀) နှစ်ဆယ်မြင့်၍ ကိုယ်၏-အရောင်-ရောင်ခြည်တော် (ပကတိကိုယ် တောင်ရောင်)သည် ထက်ဝန်းကျင် အခါခပ်သိမ်း (၇) ယူဇနာပြန့်နှံ့၍ တည်လေ၏။ [၁၃]
- ဝိပဿီ မြတ်စွာဘုရားပွင့်တော်မူရာ အသက်တန်းမှာ အနှစ် (၈၀၀၀၀) ရှစ်သောင်းတန်းဖြစ်၏။ [၁၄]
- သိမှတ်ဖွယ်အကျယ်ကို [၁၅]တို့ကြည့်။)[၁၆]
Remove ads
- ဝိရုဒ္ဓနာသကံ နာထံ၊ ဝိဝဍ္ဎတ္တံ ဝရံ ဒဒံ။
- ဝိပဿိံ မာရဇိံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၁၇]
- ဝိပဿီဗုဒ္ဓဝင်ကို ကြည့်ပါ။
- ဝိပဿီဘုရားရှင်ကို ကြည့်ပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads