ဝေနာယကိမုဒြာ

From Wikipedia, the free encyclopedia

ဝေနာယကိမုဒြာ
Remove ads

ဆင်မင်းဟန်ဖြစ်သည်။

Thumb

ဝိနာယကဗြဟ္မာမင်း၏ ဆင်ဦးခေါင်းမှ နှာမောင်းကို ထောင်ထားသည့်သဏ္ဌာန်ကို ပုံဆောင် ပြထားခြင်းဖြစ်သည်။

ဟိန္ဒူ ဘာသာအယူဝါဒနှီးနွယ်သော ရုပ်ပွားဆင်းတုမျိုး ဖြစ်ပေသည်။ တန္တရာယာန ဗုဒ္ဓဘာသာ ရုပ်ပွားများ၌ တခါတရံသာ တွေ့ရတတ်သည်။

အပယ်ရတနာလိုဏ်ဂူဘုရား, နန်းဘုရား စသည့်ပုဂံဒေသရှိ စေတီဘုရားများအတွင်းတွင် ရုပ်ပွား ဆင်းတုနှင့် ဆေးရေးပန်းချီများကို ဤမုဒြာဖြင့် အနည်းအကျဉ်းမျှ တွေ့ရှိရပါသည်။

ဝီရရသကို ပေါ်လွင်စေသည်။

ဝီရိယပါရမီ စခန်းသို့ ညွှန်ပြလိုရင်းဖြစ်သည်။

ဝေနာယကိမုဒြာကို ဟိန္ဒူဗြာဟ္မဏဘာသာဝင်တို့က အလေးအမြတ်ပြု၍ ကိုးကွယ်ခဲ့ကြသည်။ နောက် နှောင်းခေတ်တွင်မှ တန္တရာယာန ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ပွားတော်များကို အတုလိုက်၍ ထုလုပ် ကိုးကွယ်လာသည်။ ကိုးကွယ်သူများသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း, ဗြဟ္မာမင်း၏ဓာတ်ကို ရရှိခြင်း, ထာမ ဗလ သတ္တိကို ရရှိခြင်း, တိုးပွားစေနိုင်ခြင်း, အကျိုးများကို ရရှိစေနိုင်သည် ဟူ၍ အရိပ်အမြွက်မျှ ဖော်ပြထားပါသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads