သက်ထားသူဇာ
ကြက်တောင်ရိုက် အားကစားသမား From Wikipedia, the free encyclopedia
Remove ads
သက်ထားသူဇာ (၁၅ မတ် ၁၉၉၉ မွေးဖွား) သည် မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်သည်။[၂] ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည်။
Remove ads
ပညာရေးနှင့် မိသားစု
ဖခင် ဦးထွန်းထွန်းဇော်နှင့် မိခင် ဒေါ်ဝင်းပပထွန်းတို့၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ Myanmar Imperial Universityမှ BA. Honsဘွဲ့ရရှိထားသည်။ မိဘနှစ်ပါးမှာလည်း ကြက်တောင်အားကစားသမားဟောင်းများဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ မြန်မာပြည်တံခွန်စိုက် ကြက်တောင်ရိုက်ချန်ပီယံဆုကို လေးကြိမ်ဆွတ်ခူးခဲ့သူဖြစ်သည်။[၃]
အားကစားလောက
အသက် ၇ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ ထိုင်းနိုင်ငံသို့သွား၍ ကြက်တောင်နည်းပြအဖြစ် လုပ်ကိုင်ရာ အတူလိုက်ပါသွားပြီး ထိုစဉ်မှပင် စတင်ကစားခဲ့သည်။ ထိုင်းနိုင်ငံဘုရင်မင်းမြတ်က ပေးအပ်သော ဂုဏ်ထူးဆောင်ဆု ၆ ဆုအထိ ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ထိုနှစ်တွင်ပင် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် သုံးကြိမ်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် သူမ၏ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ၆၄ ဖြစ်သည်။[၁]
Remove ads
အောင်မြင်မှုများ
BWF International Challenge/Series
အမျိုးသမီး တစ်ဦးချင်း
- BWF International Challenge tournament
- BWF International Series tournament
- BWF Future Series tournament
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads