သဒ္ဓမ္မဇောတိကဓဇ
From Wikipedia, the free encyclopedia
Remove ads
သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် (အင်္ဂလိပ် ပါဠိ : Saddhammajotikadhaja ) သည် နိုင်ငံတော်မှ ဆပ်ကပ်သော သာသနာပြုဆိုင်ရာ ဘွဲ့တံဆိပ်တစ်မျိုးဖြစ်သည်။[၁]
သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း
(၁) အနည်းဆုံးသက်တော် နှစ်(၃၀)ရှိခြင်း။
(၂) သီလဝန္တဖြစ်ခြင်း။
(၃) သာသနာပြုလုပ်ငန်းများကို အနည်းဆုံး (၅) နှစ် ဆောင်ရွက်ခဲ့ခြင်း။
(၄) စာပေသင်ကြားပေးခြင်းဖြင့် ဖြစ်စေ၊ တရားဟောကြားခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ဗုဒ္ဓသာသနာနုဂ္ဂဟဝင် အနည်းဆုံးဦးရေ ၅၀ ရရှိအောင် စီမံဆောင်ရွက်ခဲ့ခြင်း။ (သို့မဟုတ်) ဗုဒ္ဓသာသနာထွန်းကားမှုအားနည်းသော ဒေသများ၌ (၁၀)နှစ် သာသနာပြုခဲ့ခြင်း။(သို့မဟုတ်) သာသနာတော်အားကျေးဇူး များသော ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန် အနည်းဆုံး ၆ အုပ်ကို ရေးသား ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်း။ (သို့မဟုတ်)အခြေခံဗုဒ္ဓဘာသာသင်တန်း (သို့မဟုတ်) ဘုန်းတော်ကြီးသင်ပညာရေး အနည်းဆုံး (၅)နှစ် သင်ကြားပေးခဲ့ခြင်း။(သို့မဟုတ်) ဘုရားစေတီ တည်ထားကိုးကွယ်ခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက် ပြုပြင်မွမ်းမံခြင်းနှင့် ပရဟိတလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့ခြင်း။
(၅) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက်မပြုသူ ဖြစ်ခြင်း။
(၆) ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။
မှတ်ချက်။ ပြည်ပဘွဲ့ခံများအတွက် ထေရဝါဒဖြစ်စေ၊ မဟာယာနဖြစ်စေ၊ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏အကြီးအကဲဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓဘာသာအသင်းအဖွဲ့ကြီး တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ (သို့မဟုတ်) ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်ပါက ဂုဏ်အင်္ဂါအရည်အချင်းများကို လျော့ပေါ့စဉ်းစားနိုင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads