သန့်၊ ဦး(ဒါးတန်း)
From Wikipedia, the free encyclopedia
Remove ads
ဒါးတန်း ဦးသန့် ကိုယ်ရေးအကျဉ်း

မြန်မာသက္ကရာဇ် ၁၂၆၈ တပို့တွဲလဆန်း ၆ ရက်တွင် အဖ သစ်ကုန်သည် ဦးစိုး၊ အမိ ဒေါ်ပုတို့က မန္တလေး ဒါးတန်းအရပ်၌ မွေးဖွားခဲ့သည်။ အေဒီ ၁၉၂၈ တွင် ဆိုင်းတန်း အရပ်မှ ဦးတော်လုံ၊ မြို့မငြိမ်းတို့နှင့် မြို့မတူရိယာအသင်းကို ဖွဲ့စည်းခဲ့သည်။ မြို့မအသင်းအား ကျောထောက်နောက်ခံ ပြုခဲ့သူဟု ထင်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ အချိန်တွင် နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲ တစ်ခု၌ ဒုတိယဆု ရခဲ့ဖူးသည်။ ၁၉၅၆ တွင် မန္တလေးရုပ်ရှင် ကုမ္ပဏီအား တခြား စီးပွားဖက် ကိုးဦးနှင့် အတူ စတင် ထူထောင်ခဲ့သည်။ လေဘာတီ မမြရင်၏ 'ကသစ်ပန်း' သီချင်း ဓာတ်ပြား အဆုံးပိုဒ်၌ အကော်ဒီယံ သံဆန်းကို တီထွင်ခဲ့သည်။ ဂီတအနုပညာကို အထူး လေ့လာလိုက်စားခဲ့၍ ထင်ရှားခဲ့ပြီး ရုပ်ရှင် ပညာ၊ ဓာတ်ပုံ ပညာများတွင် ထူးချွန်ခဲ့သည်။ ၁၉၆၀ မှ စ၍ အထက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နာယက အဖြစ် ကွယ်လွန် အချိန်အထိ ဆောင်ရွက်ခဲ့သည်။
Remove ads
ဘဝနိဂုံး
ဇနီးမှာ ဒေါ်အေးမြင့် ဖြစ်၍ သားသမီး ၉ ယောက် ထွန်းကားခဲ့သည်။ ၁၉၈၈ ဖေဖော်ဝါရီ ၂၆ တွင် ဒါးတန်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads