သာသနာပိုင် မဟာသံဃနာထဆရာတော်

From Wikipedia, the free encyclopedia

Remove ads

သာသနာပိုင် မဟာသံဃနာထဆရာတော်ကား တူရွင်းခြေတောင်၌ သီးတင်း သုံးသော မဟာရာမဆရာတော်ဖြစ်သည်။ ၉၆ရ ခုနှစ်တွင် အင်းဝပြည်၌နန်းတက်သော အနောက်ဘက်လွန်မင်းတရားကြီး သည် မဟာမြတ်မုနိဘုရားအနိီး ကျောင်းရံလေးဆယ်ရှိ လေးထပ်ကျောင်းကို တူရွင်းခြေတောင်နေဘုန်းတော်ကြိီး ညွှန်ကြားချက်အရ တူရွင်းခြေအရပ်၌နေသော မဟာရာမ ဆရာတော်အား ပင့်ဖိတ်လှူဒါန်းပြီးလျှင် မဟာသံဃနာထဘွဲ့တံဆိပ်ကို လှူဒါန်းသည်။ သာသနာပိုင်လည်းအပ်တော်မူသည်။ ထိုစဉ်အခါပြည်မြို့မှပင့်လာ၍မဟာမြတ်မုနိအရံအတွင်း စရပ်၌နေသော တောင်ဖီလာပုဂ္ဂိုလ်ကျော်လည်း သာသနာပိုင် ဆရာတော်ထံဆည်းကပ်၍ ကျမ်းဂန်တို့ကို ဆွေးနွေးသည်။ သာသနာပိုင်ဆရာတော်လည်း အလွန်နှစ်သက်တော်မူသည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads