သီလဝါအထူးစီးပွားရေးဇုန်
From Wikipedia, the free encyclopedia
Remove ads
သီလဝါအထူးစီးပွားရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အတွင်းတွင် တည်ရှိသည်။[၁] သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ရန်ကုန်တောင်ဘက်ပိုင်း ဒေသများ ဖွံ့ဖြိုးမှုကို မြန်ဆန်စေပြီး ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ အခြားစက်မှုဇုန်များကဲ့သို့ မဟုတ်ဘဲ အထူးစီးပွားရေးဇုန် ဖြစ်သောကြောင့် နိုင်ငံတကာ စံနှုန်းနှင့် ညီသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ကျင့်သုံး ဆောင်ရွက်နေသည်။ နိုင်ငံပေါင်း (၁၉)နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီပေါင်း (၁၁၂) ခုရှိသည်။ [၂]
သီလဝါအထူးစီးပွားရေးဇုန်ကို အပိုင်းနှစ်ခုခွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃-ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ဇုန်(အေ)တွင် (၄၀၅)ဟက်တာကို အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၅-ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်နိုင်ခဲ့သည်။[၃] ဇုန်(ဘီ)ကိုလည်း Phase(I)ဟက်တာ (၁၀၁), Phase(II)ဟက်တာ (၇၇), Phase(III) ခွဲ၍ အကောင်အထည်ဖော်သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads