သူစိမုဒြာ

From Wikipedia, the free encyclopedia

သူစိမုဒြာ
Remove ads

အပ်စိုက်ပြဟန်ဖြစ်သည်၊ သူစိဟတ္ထဟုလည်း ခေါ်သည်။

Thumb

တဇ္ဇနီဟတ္ထဟန်နှင့် လက်ညှိုးညွှန်ပုံ ပြောင်းပြန်ဖြစ်သည်။

သူစိမုဒြာ၌ လက်ျာလက်ညှိုးကို အောက်သို့စိုက်၍ ညွှန်ပြနေဟန် ဖြစ်သည်။ အပ်နှင့်စိုက်ပြသည့် ဟန်မျိုးဖြစ်၍သာ သူစိဟတ္ထ = သူစိမုဒြာဟူ၍ ခေါ်သည်။ အပ်ကို ကိုင်ဆောင်ထား၍ကား မဟုတ်ချေ။ များသောအားဖြင့် ကနေသော ရုပ်ပွား ရုပ်လုံးများတွင် တွေ့ရသည့် လက်ချောင်းကလေးများကို အဖျားထိပ်တွင်စု၌ ဆန့်ထားသဖြင့် အပ်ပုံသဏ္ဌာန်ဖြစ်နေ၍ သူစိမုဒြာဟု ခေါ်သည်ဟုလည်း အချို့ သုတေသီများက ယူဆကြသည်။

ကရုဏာရသကို ပေါ်လွင်စေသည်။

ပညာပါရမီ, မေတ္တာပါရမီစခန်းသို့ ရည်ညွှန်းထားပေသည်။

အချို့အယူအဆအရ ငရဲပြည်သို့ ညွှန်ပြ၍ သတိပေး ဆုံးမနေဟန်ဖြစ်သည်ဟု ဆိုသည်။ လက်တဖက် က ကောင်းကင်သို့ ညွှန်ပြ၍ လက်တဖက်က မြေကြီးအောက်သို့ စိုက်ပြထားပါက ကုသိုလ်နှင့် အကုသိုလ် တရား နှစ်ပါးကို ခွဲခြား ဟောပြနေဟန်ဖြစ်သည်ဟု ဆိုကြသည်။ မကောင်းမှုပြုသူ အပါယ် လားလိမ့်မည်ဟု ဆိုဟန်ရှိပါသည်။

ဤရုပ်ပွားတော်မျိုးကို ကိုးကွယ်ပါက ကုသိုလ် အကုသိုလ်အမှုကို ခွဲခြားနိုင်စွမ်းရှိခြင်း, တရားမှန် တရားမှားများကို အဟုတ်တကယ် ခွဲခြားသိရှိခြင်း, လူဆိုးလူကောင်း ခွဲခြားနိုင်ခြင်း, ရန်သူ မိတ်ဆွေ ခွဲခြားသိနိုင်ခြင်း, ပညာထူးချွန်ခြင်း, တည်ကြည်ခြင်း, သမထပေါက်မြောက်ခြင်း စသည့် အကျိုးများကို ရရှိကြောင်း မိန့်ဆိုကြပါသည်။

အချို့ သုတေသီများက ဤပုံမှာ ဘုရားလောင်းဖွားမြင်တော်မူစဉ်ပုံ ဖြစ်သည်ဟု အမြွက်မျှ ကောက်ချက်ချထားသည်ကိုလည်း တွေ့ရှိရပါသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads