သံချပ်ကာယန္တရားတပ်ဖွဲ့
မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခု From Wikipedia, the free encyclopedia
Remove ads
တပ်မတော် သံချပ်ကာယန္တရားတပ်ဖွဲ့ သည် မြန်မာ့တပ်မတော် (ကြည်း)၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရွေ့လျားစစ်ကစားခြင်း၊ ပစ်ကူပေးခြင်း နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှ၌ ဗီယက်နမ်တပ်မတော် ပြီးလျှင် တင့်ကားပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်သည်။[၃]
Remove ads
သမိုင်းကြောင်း
သံချပ်ကာယန္တရားတပ်ဖွဲ့အား လွတ်လပ်ရေးရပြီး ၁၉၄၈ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် မဟာမိတ်နိုင်ငံများ (ဒုတိယကမ္ဘာစစ်)လက်ကျန် တင့်ကားတချို့ဖြင့် အမှတ်(၁) သံချပ်ကာတပ်ဖွဲ့ အမည်ဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းပုန်ကုန်မှုတိုက်ပွဲများနှင့် ပြည်ပရန်ကာကွယ်ရေးတိုက်ပွဲများတွင် ပါဝင်တိုက်ခဲ့သည်။ ယခုအခါပြည်တွင်းစစ်ပွဲများတွင်လည်း သံချပ်ကာယာဉ်များကိုအသုံးပြုတိုက်ခိုက်လျက်ရှိသည်။
ကွပ်ကဲပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုကွပ်ကဲပြီး သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးများ သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်များနှင့် သံချပ်ကာတပ်ရင်းများကို အဆင့်ဆင့်ညွှန်ကြားကွပ်ကဲသည်။
ဖွဲ့စည်းပုံ
သံချပ်ကာယန္တရားတပ်ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားသည် -
- သံချပ်ကာယန္တရားသင်တန်းကျောင်း (သယက)
- သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
- သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်(၅)ခု
- သံချပ်ကာတပ်ရင်းများ
- သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံတပ်များ
သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်များ
သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်(၅)ခု မှာ အောက်ပါအတိုင်းဖွဲ့စည်းထားသည် -
အသုံးပြုနေသော တင့်ကားများနှင့်သံချပ်ကာယာဉ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads