အ.ထ.က(၁၆)မန္တလေး
မန္တလေးမြို့ရှိ အစိုးရအထက်တန်းကျောင်း From Wikipedia, the free encyclopedia
Remove ads
အထက (၁၆) မန္တလေး (အင်္ဂလိပ်: Basic Education High School No. 16 Mandalay) သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် တည်ရှိပြီး မန္တလေး နန်းတော်၏ တောင်ပိုင်းတွင် တည်ရှိသည်။ ကိုလိုနီခေတ် ၁၉၀၀ အစောပိုင်းတွင် စတင်တည်ထောင်ခဲ့သည်။ Wesley High School (ဝက်စလီကျောင်း) ဟူ၍ အမည်တွင်ခဲ့သည်။ ၁၉၆၅ခုနှစ်တွင် ပြည်သူပိုင်ကျောင်းအဖြစ် အသိမ်းခံရသည်။ ကျောင်း၏ အကျယ်အဝန်းမှာ ၄.၃ ဧရိယာကျယ်ဝန်းပြီး ကျောင်းဆောင် ၁၈ ဆောင် ရှိသည်။[၁]
အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ဆောင်ပေါင်း(၁၈)ဆောင်၊ စာသင်ခန်း အရေအတွက်(၇၈)ခန်းရှိပြီးကျာင်းစာကြည့်တိုက်အပါအဝင် မီဒီယာလက်တွေ့ခန်း များနှင့် ကျောင်းကျန်းမာရေးဆေးပေးခန်း၊ သိပ္ပံလက်တွေ့ခန်း၊ဘင်ခရာခန်း၊ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် ဧည့်ခန်းဆောင်တို့ သီခြားတည်ရှိသည်။
Remove ads
ကျောင်းအုပ်ကြီးများ
- ဦးကျန် (၁၉၆၆-၁၉၆၉)
- ဦးမြတ်စံ (၁၉၆၉-၁၉၇၂)
- ဦးကျော်ညွန့် (၁၉၇၂-၁၉၇၆)
- ဒေါ်မြင့်မြင့်သန်း (၁၉၇၆-၁၉၈၁)
- ဒေါ်စောကြင်အုန်း (၁၉၈၁-၁၉၉၆)
- ဒေါ်မြမြ (၁၉၉၆-၂၀၀၁)
- ဦးဌေးအောင် (၂၀၀၁-၂၀၀၂)
- ဒေါ်ထွေးထွေးသန်း (၂၀၀၂-၂၀၁၂)
- ဒေါ်သန်းသန်းနွဲ့ (အောက်တိုဘာ ၂၀၁၂ - မေ ၂၀၁၆)
- ဒေါက်တာတင်တင်အေး (၂၀၁၆-မေ ၂၀၁၉)[၂]
- ဦးသိန်းနိုင် (ယာယီ) (ဇွန် ၂၀၁၉-၂၇.၁၁.၂၀၁၉)
- ဒေါက်တာသန်းထိုက်စိုး[၃](၂၇.၁၁.၂၀၁၉-လက်ရှိ)
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads