အကိရိယဝါဒ
From Wikipedia, the free encyclopedia
Remove ads
- (၁) ကံကို မပြုအပ်-ကောင်းမှု မကောင်းမှုကို ပြုသော်လည်း–ပြုသည်မမည်–ပြုရာမရောက်-ဟူ- သော အယူ။ အကိရိယဒိဋ္ဌိ[၁]။ [၂]
- (၂) ကာယဒုစရိုက်စသည်ကို မပြုအပ် ဟူသော အယူ။ [၃]
- (၁) [၄]အကိရိယမိစ္ဆာ အယူသော၊သူ၊သည်။ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း-ပြုသည်မမည်–ပြုရာမရောက် = ဟု ပြောဆိုလေ့ရှိသည့် မိစ္ဆာအယူရှိသော၊သူ၊သည်။ [၅]
- (၂) ရှိခိုးခြင်းစသည်ကို မပြုအပ်ဟု အယူရှိသော၊သူ၊သည်။ [၆] [၇]
“အကိရိယဒိဋ္ဌိ ” သည် “ကုသိုလ်၊ အကုသိုလ် ဆိုသည်မှာ လုံး၀ မရှိ ” ဟုယူခြင်း ဖြစ်သည်။ ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့သည် မရှိ ဟု အယူစွဲလိုက်သည်နှင့် ကံ ကံ၏အကျိုးလည်း လုံး၀ မရှိတော့ပေ။
- အကြောင်းတရားနှင့် အကျိုးတရားတို့တွင် နတ္ထိကဒိဋ္ဌိ သည် အကျိုးတရားကို ပယ်သည်။
- အဟေတုကဒိဋ္ဌိ သည် အကြောင်းတရားကို ပယ်သည်။
- အကိရိယဒိဋ္ဌိ သည် ကောင်းမှု၊ မကောင်းမှုကို ပြုသော်လည်း ပြုသည်မမည်၊ ပြုရာမရောက်ဟု မှားယွင်းစွာ စွဲမြင်သော အယူ တစ်မျိုး ဖြစ်သွားသည်။
အကိရိယဒိဋ္ဌိဝါဒီ လူများသည် ကုသိုလ်၊ အကုသိုလ်ကံကို ပယ်သော မိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ လောကတွင် ရရှိလာသော ကာမဂုဏ်များဖြင့် ပျော်အောင်သာ နေကြမည် ဖြစ်သည်။ ထိုကြောင့် ကုသိုလ်၊ အကုသိုလ်များကို ထည့်တွက် စဉ်းစားခြင်း မရှိဘဲ လုပ်ချင်ရာသာ လုပ်နေကြတော့သည်။[၈]
Remove ads
- ၁။ များစွာသော ကုသိုလ်တရားတို့ကို ပြုအပ်၏ဟူ၍ ယူသော ကိရိယဝါဒ၊
- ၂။ များစွာသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုအပ်ဟူ၍ ယူသော အကိရိယဝါဒ။ [၉]
သီဟသုတ်၊ [၁၀] ဘုရားရှင်ထံသွားရန် သီဟစစ်သူကြီးက မူလသူ၏ ဆရာများဖြစ်ကြသော နိဂဏ္ဌများထံ အကြိမ်ကြိမ်ခွင့်တောင်းသော်လည်း မရခြင်းကြောင့် လေးကြိမ်မြောက်တွင် ဇွတ်အတင်း ဘုရားရှင်ထံသွား၍ အကိရိယဝါဒ ရှိ-မရှိ စသည် မေးလျှောက်ရာ ဘုရားရှင်က ဖြေကြားတော်မူသည်ကို နှစ်သက် ကျေနပ်လှသဖြင့် ဥပါသကာအဖြစ်ကို ခံယူခဲ့ပုံ၊ [၁၁]ဟု ဘုရားရှင်က သတိပေးတော်မူသေးပုံ။ ။ [၁၂]܀
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads